အောက်တိုဘာလ (13)ရက်က စပြီး MRTV ရုပ်သံလိုင်းမှာ  “ တွေးကြခေါ်ကြပြောင်းလဲကြ “ရုပ်သံ နှင့် ရေဒီယို အစီအစဉ် စီးရီးသစ် ပြသသွားမှာဖြစ်တယ်လို့ အောက်တိုဘာလ(11)ရက်က Orchid Hotal မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။Paung Sie Faciiltyက ကူညီပံ့ပိုးထားပြီး  Search For Comon Ground (SFCG) နှင့် MRTV တို့ပူးပေါင်းပြီး ရိုက်ကူးတင်ဆက်ထားတဲ့ “ တွေးကြခေါ်ကြပြောင်းလဲကြ “ရုပ်သံ နှင့် ရေဒီယို အစီအစဉ်ကမြန်မာနိုင်ငံထဲက မတူကွဲပြားမှုတွေအပေါ်ပိုမို လက်ခံနားလည်လာစေရန် ၊ ပူးပေါင်းညှိနှိုင်အဖြေရှာသောနည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းနိုင်စေရန်၊ ပြည်သူများ အကြားအသိပ ညာတိုးမြှင့်လာစေရန်၊ အချင်းချင်း အပြန်အလှန်လေးစားခြင်းအားဖြင့် ပူးပေါင်းဆောင် ရွက်ခြင်းရဲ့အရေးကြီးပုံကို သိရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ 

“တွေးကြခေါ်ကြပြောင်းလဲကြ “ အစီအစဉ်က လက်ရှိမြန်မာနိုင်ငံမှာ အဓိက ကြုံတွေ့နေရတဲ့ လူငယ်နှင့်မူးယစ်ဆေးဝါး ၊မိသားစုပြဿနာ လူမှုကွန်ယက်လွဲမှားစွာအသုံးပြု ခြင်းနှင့် လူငယ်တွေကြားပေါင်း စည်း ညီညွတ်ရေးတို့အတွက် ဖန်တီးပုံဖော်ထားတဲ့ “အပ်ဖျားတစ်ထောက် “ ရုပ်သံဇာတ်လမ်းတွဲကို MRTV ရုပ်သံလိုင်းမှာပြသသွားမှာဖြစ်ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်အောင်မြင့်မြတ်၊အကယ်ဒမီ ပိုင်ဖြိုးသုနဲ့ တက်သစ်စလူငယ်သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထား တယ်လို့သိရပါတယ်။ဒီဇာတ်လမ်းတွဲကို MRTVရုပ်သံလိုင်းမှာ အောက်တိုဘာလ(13)ရက်ကစပြီး အပတ်စဉ် တနလာင်္၊ စနေနဲ့တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုလိုင်းမှာတော့ အောက်တိုဘာလ(14)ရက်က စပြီး အပတ်စဉ် တနလာင်္၊ သောကြာ၊စနေနဲ့တနင်္ဂနွေနေ့တွေမှာ စတင်အသံလွှင့်မှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News