ပုန်းလျှိုးကွယ်လျှိုးမြန်မာ့ဝိညာဉ်များခေါင်းစဉ်နဲ့ ရုပ်သေးပြပွဲကို ဂျာမနီနိုင်ငံနဲ့ပြင်သစ်နိုင်ငံတို့ပူးပေါင်းပြီး နိုဝင်ဘာလ(၂၀)ရက်မှ(၂၁)ရက်ထိ ရန်ကုန်မြို့ Goethe Institut Myanmarမှာပြသခဲ့ တာဖြစ်ပါတယ်။ရုပ်သေးရုပ်များကို ပြည်တွင်းက ရုပ်သေးပညာရှင်များကိုယ်တိုင်ပြုလုပ်ထားတာဖြစ်ပြီး မြန်မာ့ရုပ်သေးရုပ်များရဲ့အစဉ်အလာကို ခေတ်ပြိုင် ပုံစံမျိုးစုံ တွေ့မြင်ရမှာဖြစ်တယ်လို့ပြောပါတယ်။ရုပ်သေးရုပ်ပြပွဲတင်ဆက်ပြသဖို့ အချိန်(၂)ပတ်ကြာပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ပြပွဲမှာ ပုန်းလျှိုးကွယ်လျှိုးမြန်မာ ၀ိညာဉ်များခေါင်းစဉ်နဲ့ ရုပ်သေးရုပ်ပြပွဲသာမက မတူညီတဲ့ သရုပ်ဖော်တင်ဆက်မှု ပုံစံမျိုးတွေကိုလည်း ပြသခဲ့တာဖြစ်ပြီး မြန်မာရုပ်သေးရုပ်နဲ့ ပြင်သစ်ရုပ်သေးရုပ်ကွာခြားချက်ကိုလည်းအခုလိုပြောပြခဲ့ပါတယ်။အခုပြုလုပ်တဲ့ ရုပ်သေးရုပ်ပွဲကို ပထမအကြိမ်ပြုလုပ်တာဖြစ်ပြီး လာမယ့်(၂၀၁၉)ဇန်န၀ါရီလမှာလည်း ဒုတိယအကြိမ် ထပ်မံပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

 

 

Related News