မြန်မာပြေးခုန်ပစ်လက်ရွေးစင်အားကစားသမားဟောင်းများလူမှုရေးအသင်းရဲ့ပဉ္စမအကြိမ်အသက် (၇၅)နှစ်အ   ထက် သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၂၂)ရက် မနက် (၉)နာရီက ကျိုက္ကဆံအားကစားကွင်းမှာရှိတဲ့ ပြည်ထောင်စုခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။မြန်မာပြေးခုန်ပစ်လက်ရွေးစင်အားကစားသမားဟောင်းများလူမှုရေးအသင်းရဲ့အသက်(၇၅)နှစ်အထက်သက်   ကြီးပူဇော်ပွဲ အခမ်းအနားကို ကျင်းပခဲ့တာဟာ အခုတစ်ကြိမ်နဲ့ဆိုရင် (၅)ကြိမ်မြောက်ကျင်းပခဲ့တာပါ။      အခမ်းအနားမှာ အရင်ပြေးခုန်ပစ်မှာ ရွှေတံဆိပ်ဆုများဆွတ်ခူးထားခဲ့တဲ့ ကစားသမားဟောင်းများက သူတို့ကို    သင်ကြားပြသခဲ့တဲ့ ဆရာသမားများကို ပူဇော်ကန်တော့ခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။သက်ကြီးပူဇော်ကန်တော့ခံအဘိုးအဘွား (၃၀)ကျော်လည်း တက်ရောက်ကန်တော့ခံခဲ့ပါတယ်။

အခုပွဲကို ကျင်းပရခြင်းကတော့ အရင်ဝေးကွာနေတဲ့ပြေးခုန်ပစ်ကစားသမားဟောင်းများ စုစုစည်းစည်းနဲ့ပြန်   လည်တွေ့ဆုံ နိုင်ရန် နဲ့ ကျန်းမာရေးမကောင်းတဲ့ သက်ကြီးအဘိုးအဘွား နာမကျန်းဖြစ်ကျတဲ့အဘိုးအဘွားများကိုထောက်ပံ့ ပေးနိုင်ရန် အခုပွဲကိုပြုလုပ်ခြင်းဖြစ်ပါတယ်။အခုသက်ကြီးပူဇော်ပွဲကို တက်ရောက်ခဲ့တဲ့ကစားသမားများကတော့ ပြေးခုန်ပစ်ကစားနည်းမှာ အရင်တုန်းက ရွှေတံဆိပ်အမြောက်အများ ရယူပေးထားနိုင်ခဲ့တဲ့ ကစား   သမားများလည်းဖြစ်ပါတယ်။မြန်မာပြေးခုန်ပစ်လက်ရွေးစင်အားကစားသမားဟောင်းများလူမှုရေးအသင်းရဲ့အသက်(၇၅)နှစ်အထက်သက်   ကြီးပူဇော်ပွဲ အခမ်းအနားနောက်ဆုံးမှာတော့ ကန်တော့ခံအဘိုးအဘွားများကို လှူဖွယ်ပစ္စည်းများနဲ့ ကန်တော့ခဲ့ပြီးတော့ အလှူရှင်များ ကိုလည်း အမှတ်တရလက်မှတ်များပြန်လည်ပေးအပ်ခဲ့ပါတယ်။

 

 

Related News