မြန်မာနိုင်ငံရှိ တိုင်းရင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုနဲ့ တိုင်းရင်းသားရပ်ဝန်း ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဦးစီးကျင်းပမယ့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ဈေးရောင်းပွဲကို ရန်ကုန်မြို့ကျိုက္ကဆံအားကစားကွင်းမှာ ဇန်န၀ါရီလ(၂၅) ရက်မှ (၃၀) ရက်အထိ (၆) ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ ဇန်န၀ါရီလ(၂) ရက်က မန္တလေးမြို့ ကန်တော်ကြီးမှာပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းနဲ့ အသင်းဝင်သစ်များ အင်အားတိုးချဲ့ခြင်းအခမ်းအနားက သိရပါတယ်။ အခုကျင်းပပြုလုပ်မယ့် ဈေးရောင်းပွဲကို မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်ရန်၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊စည်းလုံးညီညွတ်မှုနဲ့ နေထိုင်မှုပုံစံကို မြန်မာနိုင်ငံသားတွေသာမက နိုင်ငံခြားသားဧည့်သည်တွေပါ စိတ်ဝင်တစား လေ့လာနိုင်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လှပတဲ့ တောတောင်ရေမြေအလှကို သိရှိစေပြီး ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးစေဖို့၊ တိုင်းရင်းသားတွေရဲ့ဒေသထုတ်ကုန်၊ အ၀တ်အထည် အစရှိတဲ့ ထုတ်ကုန်တွေကို  နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင်စေဖို့နဲ့ တိုင်းရင်းသားလူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေဖို့ ကျင်းပတာဖြစ်ပါတယ်။ ဒီဈေးရောင်းပွဲကို ပြခန်းပေါင်း (၂၀၀) ကျော် ပါဝင်မှာဖြစ်ပြီး တိုင်းရင်းသားလူမျိုးတွေရဲ့ လက်မှုပစ္စည်းတွေ၊ ရိုး ရာယဉ်ကျေးမှုနဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ အခြားပြည်တွင်းလက်မှုပစ္စည်း စတာတွေကို ပြသရောင်းချသွား မယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ ကုန်ပစ္စည်းတွေကို ပါဝင်ပြသခြင်းဖြင့် သုံးစွဲသူ တွေနဲ့ တိုက်ရိုက်ထိတွေ့ရောင်းချနိုင်ပြီး ပြည်တွင်းသာပက နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်မှာ ဖြစ် တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းစု လုပ်ငန်းရှင်အချင်းချင်း ရင်းနှီးမှုကို မြှင့်တင် နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ၂၀၁၈ခုနှစ် မတ်လမှာ စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ အသင်းပေါင်း (၂၀) ကျော် ဖွဲ့စည်းပြီး ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News