MEGA EXPO 2019 ပြပွဲနှင့်အထူးဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ(၇)ရက်ကနေ(၁၀)ရက်အထိ (၄)ရက်ကြာ ရန်ကုန်မြို့ ၊ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်နေပါတယ်။ပြပွဲကို လူသုံးကုန်ပစ္စည်းအစုံကို တစ်နေရာထဲမှာဝယ်ယူနိုင်ရန် ၊ ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။အခုပြုလုပ်တဲ့ MEGA EXPO 2019  ပြပွဲနှင့် အထူးဈေးရောင်းပွဲတော်မှာတော့ အိမ်ရာပြပွဲနဲ့အတူ အိမ်သုံးပရိဘောဂပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ ၊  လူသုံးကုန်ပစ္စည်းများ ၊ အလှကုန်ပစ္စည်းများရောင်းချတဲ့ ကုမ္ပဏီပေါင်း(၇၀)ကျော်မှ ဆိုင်ခန်းပေါင်း(၁၅၀)ကျော် လာရောက်ပြသရောင်းချနေတာ ဖြစ်ပါတယ်။MEGA EXPO 2019ပြပွဲနှင့် အထူးဈေးရောင်းပွဲတော်ကိုတော့  Creation Strength Co.Ltd က ဦးစီးကျင်းပတာဖြစ်ပြီး အခုလို ပြပွဲမျိုးတွေကို တစ်နှစ်မှာ(၄)ကြိမ် ကျင်းပပြုလုပ်တယ်လို့သိရပါတယ်။

 

 

Related News