WonderFest2019 ပွဲတော်ကို   ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ မတ်လ(၂)ရက်မှ  (၃)ရက်အထိ(၂)ရက်ကြာပြုလုပ် ခဲ့ပါတယ်။Wonder Fest2019 ကို ကလေးငယ်တွေအနေနဲ့ နွေရာသီကျောင်းပိတ်ရက်နဲ့ တိုက်ဆိုင်သလို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို စိတ်ဝင်စားမှုပိုမိုတိုးလာစေဖို့ရည်ရွယ်ပြီး  ပွဲတော်ကိုကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲတော်မှာ မျက်လှည့်ပြကွက်များ ၊ မိသားစုနှင့်ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများ ၊ တိရစ္ဆာန်လေးတွေရဲ့ ပြကွက်များပါဝင်ပြသခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ကံစမ်းမဲအစီအစဉ်များ၊ အစားအသောက်များနှင့် အခြားသောလူသုံးကုန်ပစ္စည်းများကိုရောင်းချခဲ့ပါတယ်။ဒါ့အပြင် ပွဲတော်ရက်တွေမှာလည်း နိုင်ငံကျော်အဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။Wonder Fest2019 ပွဲတော်ကို Zero Group Management နဲ့ Emily Management တို့မှ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပွဲတော်မှာ ဈေးဆိုင်ခန်းပေါင်း (၆၀)ခန့် လာရောက်ရောင်းချ ခဲ့တာဖြစ်ပါတယ်။ WonderFest 2019 ပွဲတော်က အများပြည်သူ ရုံးပိတ်ရက်နဲ့ တိုက်ဆိုင်သွားတာကြောင့်  ပုံမှန်ရက်တွေထက်လာရောက် လည်ပတ်သူများပြီး လူဦးရေ (၂၀၀၀၀)ခန့် ရှိတယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က တာဝန်ရှိသူထံမှ သိရပါတယ်။

 

 

Related News