ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ Korea Day 2019 အခမ်းအနားကို မတ်လ (၉)ရက်က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ Lotte Hotel မှာ ပြုလုပ်နေပါတယ်။Korea Day 2019   ဖွင့်ပွဲအခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးအပါအ၀င် အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြ ပါတယ်။မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေး တိုးတက်လာစေရန်နဲ့ ပြည်တွင်းကို ကိုရီးယားခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာ နိုင်စေရန် ရည်ရွယ်ပြီး Korea Day 2019 ပွဲကို ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

့မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ကျင်းပပြုလုပ်တဲ့ Korea Day 2019  မှာ ပြည်တွင်းပြည်ပမှ အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေး အစီစဉ်တွေ၊ နာမည်ကြီး Travel Blogger များရဲ့ Talk Show တွေပါဝင်မှာ ဖြစ်တယ်လို့သိရပါတယ်။ ပြပွဲမှာတော့ အလှကုန် ပစ္စည်းတွေ၊ အစားအသောက်တွေနဲ့ကိုရီးယားယဉ်ကျေးမှုတွေ ကို ပြသထားတယ်လို့လည်း သိရပါတယ်။Korea Day 2019 ကို မတ်လ(၉)ရက်နဲ့ (၁၀)ရက် နှစ်ရက်ကြာကျင်းပပြုလုပ်နေတာဖြစ်ပြီး Myanmar Day ကိုလည်း ကိုရီးယားနိုင်ငံမှာ သွားရောက်ပြသနိုင်ဖို့အတွက် တာဝန်ရှိသူတွေအနေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 

 

Related News