Dynamic Digital Photography Training School က ဦးစီးပြီး 5th Dynamic  Photo Art –Exhbition ဓာတ်ပုံပြပွဲကို မတ်လ(၈)ရက်မှ (၁၀)ရက်ထိ  ရန်ကုန်မြို့ The Yangon Gallery မှာ ပြသခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံပညာဟာ အလွန်ကျယ်ပြန့်ပြီး လေ့လာစရာများပြားတဲ့ ပညာရပ်တခုဖြစ်ပြီး စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်ရိုက်ကူး နိုင်တဲ့အပြင် နည်းပညာပိုင်းတွေ၊ ပစ္စည်းကိရိယာအသုံးပြုခြင်း နည်းပညာပိုင်းတွေ၊ ဓာတ်ပုံဖွဲ့စည်းမှုပိုင်းတွေ၊ အရောင်ရဲ့သဘောစတဲ့ သဘာဝပိုင်းတွေကို သိရှိခံစားနိုင်စေရန် အတွက် ပြပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံပြပွဲမှာ သဘာဝဆန်တဲ့ ဓာတ်ပုံများ၊ ရိုးရာဓလေ့ဓာတ်ပုံများအပြင် ပြည်တွင်းကရှုခင်းတွေသာမက ပြည်ပနိုင်ငံက ရှုခင်းအလှအပများ လည်း ပြသခဲ့တာဖြစ်ပါတယ်။ အဆိုပါပြပွဲမှာ ဓာတ်ပုံဆရာကြီး(၄၄)ဦးရဲ့ ဓာတ်ပုံပေါင်း(၈၅)ပုံကိုပြသ ထားတာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဓာတ်ပုံ တစ်ပုံကိုငွေကျပ်(၂)သိန်းမှ စတင်ရောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။5th Dynamic  Photo Art -Exhbition ဓာတ်ပုံပြပွဲကိုမတ်လ(၈)ရက်မှ(၁၀)ရက်ထိကျင်းပခဲ့တာဖြစ်ပြီး ဒီဓာတ်ပုံပြပွဲမှ ဓာတ်ပုံရောင်းလို့ရတဲ့  (၅၀)ရာခိုင်နှုန်းကို ပရဟိတအလှူပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News