Myanmar B2B Management Magazine က ကြီးမှူးကျင်းပတဲ့ မြန်မာ့စီးပွားထူးချွန်သူများနဲ့ တွေ့ဆုံခြင်းအခမ်းအနားကို မတ်လ(၁၂)ရက်က ရန်ကုန်မြို့  CBC Ballroom မှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။အဆိုပါအခမ်းအနားမှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က စီးပွားရေးနယ်ပယ်က ထင်ရှားသူတွေဖြစ်တဲ့  SP Gems ရဲ့ CEO ဦးအောင်ကျော်ဇင်၊ SP Bakery ရဲ့ CEO ဒေါ်သင်းသင်းကျော်တို့နဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒီလိုမေးမြန်းတဲ့အခါ သူတို့ရဲ့ စီးပွားရေးလုပ်ငန်း အခြေအနေများ၊ လက်ရှိအခြေအနေထိရောက်အောင် တည်ဆောက်ခဲ့မှုများနဲ့ အနာဂတ်အိမ်မက်များအကြောင်း စတာတွေကိုမျှဝေခဲ့ပါတယ်။ Myanmar B2B Management Magazine အနေနဲ့ယခုပြုလုပ်တဲ့ ပွဲဟာ  မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာ့စီးပွားထူးချွန်သူတွေကို ဖော်ထုတ်ပြီး အင်တာဗျူးတဲ့ အစီအစဉ်ဖြစ်တယ်လို့သိရပါတယ်။

ယခင်က ဒီလိုအင်တာဗျူး အစီအစဉ်တွေကို Indoor မှာသာ အင်တာဗျူး လေ့ရှိပြီး မြန်မာ့စီးပွားထူးချွန်သူတွေရဲ့ အကြောင်းကို ဆောင်းပါးပြန်လည်ရေးသားခဲ့တယ်လို့သိရပါတယ်။ ယခုနောက်ပိုင်းမှာတော့ ခေတ်အနေအထား၊ နည်းပညာအနေအထားတွေပြောင်းလဲလာမှုတွေကြောင့် အင်တာဗျူး အစီအစဉ်ကို ကိုယ်တိုင်လာတက်ချင်သူတွေ များလာတဲ့အတွက် အခုလိုပထမဆုံးအကြိမ်အဖြစ် မြန်မာ့စီးပွားထူးချွန်သူများနဲ့တွေ့ဆုံခြင်း အခမ်းအနားကို ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။Myanmar B2B Management Magazine ကို (၂၀၁၂)ခုနှစ် စက်တင်ဘာလက စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး ယခုလာမယ့် စက်တင်ဘာလဆိုရင် (၇)နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

 

 

Related News