Star Awards ထူးချွှန်ဆုပေးပွဲမှာ ရုပ်ရှင်သရုပ်ဆောင်ထူးချွန်ဆုတွေအပြင် မြန်မာရုပ်သံဇာတ်လမ်းတွဲတွေက သရုပ်ဆောင်တွေကိုလည်း ရုပ်သံဇာတ်လမ်းတွဲဆုအမျိုးအစား (၅)ဆုပေးအပ်ချီးမြှင့်သွားမယ်လို့မတ်လ(၁၇)ရက်က  The Yangon Gallery မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) မှ စီစဉ်ပြီး Stellar Seven Entertainment ကပူးပေါင်းဆောင်ရွက်တဲ့ Star Awards ရုပ်ရှင်နှင့်ရုပ်သံဇာတ်လမ်းတွဲဆုများပေးအပ်မယ့် အစီအစဉ်ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲ ဆုအမျိုးအစား (၅)ဆု ဖြစ်တဲ့ ဇာတ်ကားဆု ၊ ဒါရိုက်တာဆု၊ သရုပ်ဆောင်(ကျား)၊ သရုပ်ဆောင်(မ) နဲ့အထူးဆုတို့ကို ပေးအပ်ချီးမြှင့်သွားမှာပါ။ ဆုတွေကိုတော့ ငွေရောင်ဆုတံဆိပ်နဲ့ဆုကြေးကျပ် သိန်း(၃၀)ပေးအပ်ချီးမြှင့်သွားမယ်လို့သိရပါတယ်။

အဆိုပါဆုတွေပေးအပ်ချီးမြှင့်နိုင်ဖို့အတွကို MRTV, MRTV-4, MWD, Sky Net ရုပ်သံတို့မှ (၂၀၁၈)ခုနှစ်အတွင်း ထုတ်လွှင့်ပြသခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ (၁၁)တွဲကို ပေးပို့ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။ ဇာတ်လမ်းတွဲများကို ဆုရွေးချယ်ရေးကော်မတီမှ သတ်မှတ်စံနှုန်းများနဲ့အညီ ကြည့်ရှုအကဲဖြတ်ပြီး ဆုများချီးမြှင့်သွားမယ်လို့သိရပါတယ်။ အခုလို Star Awards ဆုပေးအပ်ချီးမြှင့်တဲ့အပေါ်MRTV-4 မြန်မာရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တစ်ဦးက သူ့ရဲ့ အမြင်ကို အခုလိုပြောပါတယ်။

နိုင်ငံတကာမှာလည်း နိုင်ငံအသီးသီးရှိ သတင်းစာဆရာများအနေဖြင့် အလားတူဆုများ ရွေးချယ်ချီးမြှင့်မှုတွေရှိနေတာ ကြောင့် ၎င်းတို့နည်းတူ မြန်မာ့ရုပ်ရှင်လောက တိုးတက်ရေး၊ ရုပ်ရှင်လောကသားများရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်များကို အသိပြုအားပေးတဲ့ အနေဖြင့် Star Awards ဆုများကို ရွေးချယ်ပေးအပ်ချီးမြှင့်ဖို့စီစဉ်ခဲ့တာ လို့သိရပါတယ်။ Star Awards ထူးချွန်ဆုပေးပွဲအခမ်းအနားကို လာမယ့် ဧပြီလ (၅)ရက်မှာသုဝဏ္ဏဘူမိ Event Park မှာကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး လက်မှတ်တစ်စောင်ကို (၁၀၀၀၀)ကျပ်ဖြင့် အရေအတွက်အကန့်အသတ်နဲ့ ရောင်းချသွားမယ်လို့သိရပါတယ်။ လက်မှတ်ဝယ်ယူရရှိနိုင်မယ့်နေရာတွေကတော့ Stellar Seven Entertainment ရုံး၊ Ticket Box Myanmar ၊ Myanpwel ၊ ZeGo Bird Online Shop တို့မှာ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

 

 

Related News