Kalay Day 2019 ပွဲ ကို လာမယ့် မတ်လ (၃၀)ရက်နဲ့ (၃၁)ရက်မှာကျင်းပပြုလုပ်သွားမယ်လို့ မတ်လ (၂၅)ရက်ကOrchid Hotel မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။Kalay Day 2019 ပွဲကို ရန်ကုန်မြို့၊သာကေတမြို့နယ်၊ မင်းဓမ္မလမ်းနှင့် သုမန လမ်းထောင့်ရှိ Fortune Plaza(Myanmar Expo Hall)မှာ မနက် (၉)နာရီကနေ ညနေ (၆)နာရီအထိ (၂)ရက်ကြာကျင်းပ ပြုလုပ်သွားမယ်လို့သိရပါတယ်။ Kalay Day 2019 ကို  Kalay.com.mm ကဦးစီးကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ဒီပွဲမှာ ကလေးငယ်တွေအတွက် ကျွန်းပုံစံငယ် (၅)ကျွန်း အဖြစ် လုပ်ဆောင်ပေးထားမှာ ဖြစ်ပြီး  ကလေးငယ်တွေ ၀င်ရောက်ဆော့ကစားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ဒီလိုပြုလုပ်ပေးက နွေရာသီကျောင်းပိတ်ရက်မှာ  ကလေးငယ်တွေအတွက် သွားစရာနဲ့ ပညာပေးအစီအစဉ်တွေနဲ့ အတူ ပျော်ရွှင်စရာများရရှိနိုင်ဖို့ လုပ်ဆောင်ပေးတာလို့သိရပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအတွက် ကျန်းမာရေးအခမဲ့ စစ်ဆေးပေးမှုတွေ၊ဂိမ်း အစီအစဉ်တွေနဲ့ အတူ ကျန်းမာရေးစကားဝိုင်းတွေပါ ထည့်သွင်းပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ကလေးပစ္စည်းများ၊ဆေးပစ္စည်းများ၊အိမ်သုံးပစ္စည်းများ ရောင်းချပေးသွားမယ့် အရောင်းဆိုင်ခန်း (၅၀)ကျော် လည်းပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။Kalay Day ပွဲကို  ရန်ကုန်၊မန္တလေးနဲ့ တောင်ကြီးတို့မှာ ကျင်းပပြုလုပ်ခဲ့ပြီဖြစ်ပြီး ယခုတစ်ကြိမ်ကတော့ (၄)ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်မှာလို့သိရပါတယ်။

 

 

Related News