မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်နဲ့ ယိမ်းအကအလှပြိုင်ပွဲကို မင်္ဂလာမန္တလေး လမ်းလျှောက်ဧရိယာမှာ ဧပြီလ (၆) ရက်မှ (၇) ရက် နေ့အထိ (၂) ရက်တာ ကျင်းပပြုလုပ်သွားမယ်လို့ မတ်လ (၂၈) ရက်က မင်္ဂလာ မန္တလေးရုံးခန်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ဒီနှစ်ပြုလုပ်မယ့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်နဲ့ ယိမ်းအကအလှပြိုင်ပွဲ က (၅)ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ဒီပြိုင်ပွဲကို မင်္ဂလာမန္တလေးက ဦးစီးပြုလုပ်တာပါ။မြန်မာ့ရိုးရာယဉ်ကျေးမှု မပျောက်ပျက်စေရန် ရည်ရွယ်ပြီး ခေတ်အဆက်ဆက်က ကျင်းပခဲ့တဲ့သင်္ကြန်ပုံစံကို နှစ်တိုင်းကျင်းပတာဖြစ်တယ်လို့သိရပါတယ်။  အခုနှစ်မှာတော့ လာရောက်လည်ပတ်တဲ့သူတွေအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ တောသင်္ကြန်ပုံစံကို ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ယိမ်းအကအလှပြိုင်ပွဲကို ပညာရှင်အဆင့်နဲ့ ဝါသနာရှင်အဆင့်ဆိုပြီး (၂) မျိုးခွဲခြားသတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပညာရှင်အဆင့်မှာ ဆုရရှိသူတွေအတွက် ဆုကြေးကိုတော့  ပထမဆု(၁၅) သိန်း၊ ဒုတိယဆု (၁၀) သိန်း၊ တတိယဆု (၈) သိန်းချီးမြှင့်မှာဖြစ်ပြီး ဝါသနာရှင်အဆင့်မှာတော့  ပထမဆု(၁၀) သိန်း၊ ဒုတိယဆု (၈) သိန်း၊ တတိယဆု (၅) သိန်း ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ တစ်သင်းမှာ (၈)ယောက်မှ(၁၂) ယောက်အထိ သတ်မှတ်ထားပြီး ကြိုက် နှစ်သက်ရာသီချင်းနဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။ ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ပြိုင်ပွဲဝင်လျှောက်လွှာတွေကို မတ်လ (၁) ရက်မှ (၃၁) ရက် အထိ မင်္ဂလာမန္တလေးရုံးခန်းမှာ လာရောက်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်နှင့် ယိမ်းအကအလှပြိုင်ပွဲနဲ့အတူ အတာသင်္ကြန်အကြိုအထူးဈေးရောင်းပွဲ ပါဝင်ပြသရောင်းချသွားမယ်လို့ သိရပါတယ်။ဒါ့အပြင် မန်းတောင်ခြေ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား သက်ကြီးပူဇော်ပွဲ အစီအစဉ်နဲ့ စတုဒီသာကျွေးမွေးတဲ့ အစီအစဉ်တွေ ပါဝင်မှာဖြစ်ပြီး နိုင်ငံကျော် အဆိုတော်တွေဖြစ်တဲ့ ဖြူဖြူကျော်သိန်း၊ ဇော်ပိုင်၊ ချောစုခင်၊ ဖြိုးကြီး ၊ချစ်ဇွဲသာ၊ ဖြူလေး စတဲ့ တေးသံရှင်တွေက ပါဝင်သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

 

 

Related News