ကန်သာယာ Shopping Mall ကဦးစီးပြီး SummerBreak PromotioFair ပွဲကို မတ်လ(၂၉)ရက်ကနေ (၃၁)ရက်ထိ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်သာယာ Shopping Mallမှာပြုလုပ်နေတာဖြစ်ပါတယ်။ နှစ်သစ်ကူးသင်္ကြန်ချိန်ခါရောက်ပြီဖြစ်တာကြောင့် အများပြည်သူတွေ ၀ယ်ယူနိုင်မယ့် ပစ္စည်းတွေကို တစ်နေရာထဲမှာရရှိနိုင်စေဖို့နဲ့ နွေရာသီဖြစ်တာကြောင့် ရာသီဥတုနဲ့ ကိုက်ညီနိုင်မယ့် လူအသုံးဆောင်ပစ္စည်းတွေကို တစ်နေရာထဲမှာရရှိနိုင်စေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခုပွဲမှာတော့ ကြိမ်ထည်ပစ္စည်းများ၊ နွေရာသီဝတ်အထည်များ၊လက်ဝတ်ရတနာများ၊ ဟန်းမိတ်ပစ္စည်းများ၊ စားသောက်ကုန်များအစရှိတဲ့ ပစ္စည်းများရောင်းချတဲ့ ဆိုင်ခန်းပေါင်း(၂၀)ကျော်က ပါဝင်ပြသရောင်းချနေတာ ဖြစ်ပါတယ်။ဒါ့အပြင် လာရောက်ကြည့်ရှုသူတွေ ပိုမိုစိတ်ဝင်စားစေဖို့အတွက် Paper Cut Artist (၄)ယောက် ရဲ့ Paper Cut ပြပွဲကိုလည်း ထည့်သွင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကန်သာယာ Shopping Mall  အနေနဲ့ အခုပြုလုပ်လျက်ရှိတဲ့ SummerBreak Promotio Fair ကို ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

 

 

Related News