ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကဦးစီးပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ပထမဆုံးပူးပေါင်းရိုက်ကူးမယ့် ပုဂံရတနာသိုက် ရုပ်ရှင်ဇာတ်ကားစာနယ်ဇင်းမိတ်ဆက်ပွဲကို ဧပြီလ(၂၃)ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တရုတ်ယဉ် ကျေးမှုစင်တာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထူထောင်ခြင်း နှစ်(၇၀)ပြည့်အထိမ်းအမှတ်အနေနဲ့ ပထမဆုံးပူးပေါင်းရိုက်ကူးမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေတိုးပွားလာစေဖို့၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မြဲလာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရိုက်ကူးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ပုဂံရတနာသိုက်ရုပ်ရှင်ဇာတ်ကားမှာတော့   ပြည်တွင်းက နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ နိုင်းနိုင်း၊ ဟောင်ကောင်ဝါရင့်သရုပ်ဆောင် Billy Lau(ဘီလီလော)၊ တရုတ်နိုင်ငံမှ သရုပ်ဆောင်သစ် Anqi Fu-He (အန်ကွီဖူဟီ)တို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။တရုတ်လူငယ်တစ်ဦး မြန်မာနိုင်ငံတွင် ရတနာသိုက်များလာရောက်ရှာဖွေချိန်မှာ မြန်မာနှင့် တရုတ်လူငယ်များ ရင်ဆိုင်ရတဲ့ အတွေ့အကြုံများကို ပျော်ရွှင်ဖွယ်ရာ ဇာတ်ဝင်ခန်းများနဲ့ စိတ်လှုပ်ရှားအောင် ရိုက်ကူးထားတဲ့ ဟာသ ဇာတ်မြူး ဇာတ်ကားတစ်ကားဖြစ်တယ်လို့သိရပါတယ်။အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံအပြင်  အခြားအရှေ့တောင်အာရှနိုင်ငံနဲ့ဒေသတွေမှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ 

 

 

Related News