Yangon ICT Fair (May -2019) ပြပွဲကို လာမယ့် မေလအတွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ဧပြီလ (၂၄)ရက်က ရန်ကုန်မြို့ MICT Park ရှိ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းခန်းမမှာပြုလုပ်ခဲ့တဲ့ အကြိုသတင်းစာရှင်းလင်းပွဲက သိရပါတယ်။Yangon ICT Fair (May -2019) ပြပွဲကို လာမယ့် မေလ(၃)ရက်မှ (၅) ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာအသင်းနှင့်ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းတို့က ပူးပေါင်း ကျင်းပတာဖြစ်ပါတယ်။မိုဘိုင်းနှင့် IT ကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး ပြပွဲမှာတော့ ကွန်ပျူတာပစ္စည်းများ၊ ကွန်ပျူတာနှင့်ဆက်စပ် အပိုပစ္စည်းများ၊အီလက်ထရောနစ် ပစ္စည်းတွေအပြင် အိုင်တီနည်းပညာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

ပြပွဲမှာ ကုမ္ပဏီပေါင်း(၅၂)ခုမှ ပြခန်းပေါင်း (၁၃၅)ခန်းပါဝင်ပြသသွားမှာဖြစ်ပြီး ပြပွဲရက်အတွင်း မနက် (၉) နာရီမှ ညနေ (၆)နာရီအထိ မည်သူမဆို အခမဲ့လာရောက်နိုင်တယ်လို့သိရပါတယ်။ Yangon ICT Fair ပြပွဲတွေကို အရင်နှစ်တွေက တစ်နှစ်ကို လေးကြိမ် ကျင်းပနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြပွဲကျင်းပရာမှာ နေရာအခက်အခဲရှိခဲ့တာကြောင့် တစ်နှစ်မှာ(၂) ကြိမ်သာကျင်းပနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။Yangon ICT Fair (May -2019) ပြပွဲကို (၂၀၁၉) ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပထမအကြိမ်ကျင်းပမှာဖြစ်ပြီး အောက်တိုဘာလမှာတော့ ဒုတိယအကြိမ်ကျင်းပနိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။

 

 

Related News