ရန်ကုန်တိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှုလုံးဝမရှိခဲ့သည့် တစ်နှစ်ပြည့် ဂုဏ်ပြုပွဲကျင်းပတဲ့ အခမ်းအနားကို မေလ(၂၅)ရက် က ရန်ကုန်မြို့၊ Pullman Hotel မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တောရိုင်းတိရစ္ဆာန်လုံးဝရောင်းဝယ်ဖောက်ကားမှုမပြုလုပ်ရနယ်မြေအဖြစ် သတ်မှတ်ကာ အသိပေးကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ ပြုလုပ်မှု တစ်စုံတစ်ရာ တွေ့ရှိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူ ဆောက်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ချက်တွေကြောင့် ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်၊ ဧပြီလမှ (၂၀၁၉)ခုနှစ်၊ ဧပြီလအထိကို ရန်ကုန်တိုင်းဒေသကြီးမှာ တောဆင်ရိုင်းသတ်ဖြတ်ခံရမှုလုံးဝမရှိခဲ့ဘူးလို့ သိရပါတယ်။ဒီလို တစ်နှစ်တာအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရမှုလုံးဝမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆင်ထိန်းသိမ်းရေးဝန်ထမ်းတွေကို မှတ်တမ်းတင်ဂုဏ်ပြုအခမ်းအနားကျင်းပပေးခဲ့ပြီး ဂုဏ်ပြုလက်မှတ်များပါ ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှုလုံးဝမရှိခဲ့သည့် တစ်နှစ်ပြည့် ဂုဏ်ပြုပွဲအခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တက်ရောက်ခဲ့ကြပါတယ်။

 

 

Related News