ပုဂံယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ရောက်ရေးကြိုဆိုပွဲနှင့် ဆွေးနွေးပွဲကို မေလ(၂၆)ရက်က ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ပုဂံယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ရောက်ရေးကြိုဆိုပွဲနှင့် ဆွေးနွေးပွဲကို မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းက ကြီးမှူးကျင်းပခဲ့တာပါ။ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ (၂၀၁၉)ခုနှစ်၊ ဇွန်လ(၃၀)ရက်မှ ဇူလိုင်လ(၁၀)ရက်အထိ ကျပ်းပပြုလုပ်မယ့်(၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးမှာ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၀င်ရောက်နိုင်ဖို့ ဆုံးဖြတ်ပေးသွားမှာလို့ သိရပါတယ်။ အခုလို စာရင်းဝင်အဖြစ် တင်သွင်းနိုင်ဖို့ကို ယူနက်စကို၊ အီတလီနိုင်ငံအစိုးရ၊ ကမ္ဘာ့ဘဏ်၊ ပြည်တွင်းပြည်ပပညာရှင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့တာလို့ သိရပါတယ်။

ပုဂံယဉ်ကျေးမှုဒေသက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားရင် မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွား ဧည့်သည်ဝင်ရောက်မှုက ပိုမိုများပြားနိုင်သလို ဧည့်လမ်းညွှန်တွေ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားလာဖို့ကို မျှော်လင့်ထား တယ်လို့ သိရပါတယ်။ ပုဂံဒေသမှာ ဒေသခံတွေ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ တိုးတက်မှုတွေကို စီမံခန့်ခွဲ ဖို့အတွက် လိုအပ်နေတယ်လို့ သိရပါတယ်။ပုဂံရှေးဟောင်းမြို့တော်နှင့် ယဉ်ကျေးမှုအမွေအနှစ်တွေကို  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ (၁၉၉၆)ခုနှစ်က ယူနက်စကိုအဖွဲ့ကို တင်ပြခဲ့ပေမယ့် ဥပဒေအရ ကာကွယ်ထိန်းသိမ်းထားတာမရှိသေးတာ၊ ဇုန်သတ်မှတ်ထားတာမရှိသေးတာ၊ ရေရှည်စီမံခန့်ခွဲမှုမရှိသေးတာ စတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

 

 

Related News