Artis smile Art Galleryမှ ဦးစီးကျင်းပတဲ့ ပန်းချီပြပွဲကို မေလ(၂၆)ရက်ကနေ (၃၀)ရက်အထိ (၅)ရက်ကြာ ရန်ကုန်မြို့   အင်းစိန်မြို့ နယ်ရှိ Artis smile Art Galleryမှာ ပြုလုပ်နေပါတယ်။ပြပွဲမှာတော့ ဗုဒ္ဒရုပ်ပွားတော်ပုံများ ၊ ဘုရားစေတီပုထိုးများ  ၊  တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာဓလေ့ပုံများ ၊ သဘာဝရှုမျှော်ခင်းပုံများ ၊  လူနေမှုပုံစံများ စတာတွေကို ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ပြသထားတာဖြစ်ပါတယ်။ ပြပွဲမှာ ပြသထားတဲ့ ပန်းချီကားတွေကို ရေဆေးတစ်မျိုးထဲကိုသာ အသုံးပြုရေးဆွဲထားတာဖြစ်ပါတယ်။ပြပွဲမှာတော့ ပန်းချီဆရာ ၊ဆရာမ (၁၈)ဦးရေးဆွဲထားတဲ့ ပန်းချီကား(၇၂)ကားကို  ပြသထားတာဖြစ်ပြီး အဆိုပါပန်းချီကားတွေကို အနည်းဆုံး အမေရိကန်ဒေါ်လာ(၇၀)ကနေ အများဆုံး ဒေါ်လာ(၃၀၀)အထိ သတ်မှတ်ရောင်းချထားတာဖြစ်ပါတယ်။အခုပြသလျက်ရှိတဲ့ Tranquility Of Aquarelles Watercolour Art Exhibitionပန်းချီပြပွဲကို (၁၀)ကြိမ်မြောက်ကျင်းပပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News