ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်ရုပ်ရှင်ဇာတ်လမ်းတွဲကန်တော့ပွဲပေးခြင်းကို ရွှေတိဂုံဘုရားအောင်မြေမှာပြုလုပ်ခဲ့ပြီး လုပ်ငန်းအပ်နှံခြင်းအခမ်းအနားနဲ့ သတင်းစာရှင်းလင်း ပွဲကို My Garden Restaurant မှာ ကျင်းပခဲ့ပါတယ်။ဆူးပန်းခွေ သွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင် ရုပ်ရှင်ဇာတ်လမ်းတွဲကို Forever Group နဲ့ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေး တို့ပူးပေါင်းရိုက်ကူးပြီး MRTV-4 နှင့် ဆက်စပ်ရုပ်သံလိုင်း များမှာထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။Forever Group အနေနဲ့ မြန်မာဇာတ်လမ်းတွဲတွေကို (၂၀၁၁)ခုနှစ်ကတည်းကစတင်ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပြီး ကိုယ်တိုင်ရိုက်ကူး ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲ(၅၉)တွဲ၊ အပိုင်းပေါင်း(၁၉၄၀) ကို ရိုက်ကူးထုတ်လွှင့်ပြသခဲ့ပြီး လက်ရှိဆောက်ရွက်ဆဲဖြစ်တဲ့ ဇာတ်လမ်းတွဲ(၆)တွဲ အပိုင်းပေါင်း(၁၅၅)ပိုင်းကို မကြာခင်ပြသသွားမှာဖြစ်ပါတယ်။ ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်ရုပ်ရှင်ဇာတ်လမ်းတွဲကိုတော့ အပိုင်းပေါင်း(၄၀)နဲ့ ရိုက်ကူးပြသသွားမယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲရိုက်ကူးထုတ်လွှင့်မှု အစီအစဉ်နဲ့ပတ်သက်ပြီး Forever Group မှ တာဝန်ရှိသူက အခုလိုပြောပါတယ်။

ဒီဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်မယ့်အနုပညာရှင်တွေကတော့ ခန့်စည်သူ၊ အောင်ရေချမ်း၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ ဖြိုးခန့်သော်၊ ဂရိတ်ချမ်း၊ ထက်မြက်၊ ကောင်းစစ်သွေး၊ ရွှေစင်ဝင့်ရှိန်၊ ဘုန်းဆက်သွင် အစရှိတဲ့ အနုပညာရှင်တွေက သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ကျောင်းဆရာမလေး တစ်ယောက်ရဲ့အကြောင်းကို ပြည့်စုံအောင် ပုံဖော်ရိုက်ကူးပေးသွားမယ်ဇာတ်ကားလို့ သိရပါတယ်။

ဒါ့အပြင် ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ကန်တော့ပွဲပေးခြင်းနှင့်လုပ်ငန်းအပ်နှံခြင်းအခမ်းအနားမှာ မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အကြိုအဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဦးဆောင်မှုနဲ့ မကွေးတိုင်းဒေသကြီး ချောက်၊ ရေနံချောင်းမြို့နယ်များမှာ သစ်ပင်စိုက်ပျိုးလှုပ်ရှားမှုအတွက် Forever Group ကနေ အလှူငွေကျပ်သိန်း(၅၀)ကိုလည်း ပေးအပ်လှူဒါန်း ခဲ့တယ်လို့သိရပါတယ်။

 

 

Related News