Yangon Bussiness Academy  Co.,Ltd ရဲ့ အဆင့်မြင့် ပညာဝန်ဆောင်မှုကို ဖော်ဆာင်ပေးမယ့် Myanmar Management & Entrepreneurship College(MMEC)ဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၉)ရက်က ရန်ကုန်မြို့၊ အမှတ်(3/C)၊ မိုးကောင်းလမ်းမကြီး၊ အေးသာယာလမ်းသွယ်၊ တာမွေမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။Myanmar Management & Entrepreneurship College ဖွင့်ပွဲအခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သင်တန်းကျောင်းမှ တာဝန်ရှိသူများက သင်တန်းကျောင်းရဲ့ အောင်လက်မှတ်များ၊ ဒီပလိုမာများနဲ့ သင်တန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

MMEC သင်တန်းကျောင်းက စွန့်ဦးတီထွင်မှုနဲ့ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာရပ်များ ပို့ချသင်ကြားပေးမှာဖြစ်ပြီး အဓိကအားဖြင့် SME လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ၀န်ထမ်းများနဲ့ စီးပွားရေးလုပ်ငန်းပညာရပ် စိတ်ဝင်စားလိုလားသူ လူငယ်များအတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကာလကတော့(၃)လဖြစ်ပြီး သင်တန်းကြေးကတော့ ဒီပလိုမာ Level တစ်ခုကို ကျပ်(၄)သိန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။Myanmar Management & Entrepreneurship Collegeကို မဖွင့်လှစ်မီ Yangon Bussiness Academy (YBA) Co.,Ltd ကို စတင်တည်ထောင်ပြီး (၂၀၁၆)ခုနှစ်က ဒဂုံစင်တာမှာ အခုလို ဒီပလိုမာသင်တန်းတွေကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုအခါမှာတော့ အဆင့်မြင့်တင်လိုက်တဲ့အနေနဲ့Myanmar Management & Entrepreneurship College (MMEC) ကို ထပ်မံဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။  

 

 

Related News