Yangon Hotel Expo 2019 ကို လာမယ့် အောက်တိုဘာလမှာ ကျင်းပသွားမယ်လို့ ဇွန်လ(၂၅)ရက်က ရန်ကုန်မြို့ Wyndham Grand Yangon Hotel မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။ရန်ကုန်မြို့အနီးတစ်ဝိုက်ရှိ သမိုင်းဝင်နေရာများ၊သိရှိသူနည်းပါးတဲ့ နေရာတွေကို ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်တွေ လည်ပတ်နိုင်စေဖို့၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အထောက်အကူဖြစ်စေဖို့၊ ရန်ကုန်မြို့ဟာ စီးပွားရေးလုပ်ငန်းအတွက် အချက်အချာကျတဲ့ နေရာတစ်နေရာဖြစ်တယ်ဆိုတာ ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်တွေသိရှိစေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။Yangon Hotel Expo 2019 မှာတော့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းပြခန်း၊ အခြားသောဆက်စပ်တဲ့ လုပ်ငန်းပြခန်း၊ ပြည်တွင်းထုတ်ကုန်များဖြစ်တဲ့ လက်မှုပြခန်း၊ အစားအသောက်ပြခန်း၊ အိမ်တွင်းပရိဘောဂပြခန်း အစရှိတဲ့ ပြခန်းပေါင်း(၂၅၀)နီးပါး ပါဝင်ပြသမှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများ၊ ဟောပြောပွဲများလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။အခုပြုလုပ်ခဲ့တဲ့ Yangon Hotel Expo 2019 အကြိုသတင်းစာရှင်းလင်းပွဲကို ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနဲ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

 

 

Related News