မြန်မာ့ဂီတနေ့အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ(၂၇)ရက်က မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှာ ကျင်းပခဲ့ပါတယ်။ယခုနှစ်မှာ မြန်မာ့ဂီတနေ့ကို  မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)အပါအ၀င် မြို့နယ်အသီးသီးမှာ ကျင်းပကြတာ ဖြစ်ပါတယ်။တို့ဗမာအစည်းအရုံးရဲ့ ဒုတိယညီလာခံပြုလုပ်ခဲ့တဲ့ ဇွန်လ(၂၇)ရက်မှာ တို့ဗမာသီချင်းကို မြန်မာနိုင်ငံတော်သီချင်းအဖြစ် သတ်မှတ်ခဲ့ပြီး အဲ့ဒီနေ့ကိုပဲ မြန်မာဂီတနေ့အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။မြန်မာ့ဂီတနေ့ အခမ်းအနားကို (၂၀၁၃)ခုနစ်က စတင်ပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ မြို့နယ်ဂီတအစည်းအရုံးတွေမှာ ကျင်းပနေတာဖြစ်ပါတယ်။ ဂီတအစည်းအရုံး(ဗဟို)အနေနဲ့  (၂၀၁၅)ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး (၂၀၁၇)ခုနှစ်မှာ အကြောင်းကြောင်းကြောင့် မကျင်းပဖြစ်တော့ဘဲ(၂၀၁၈)ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)အနေနဲ့  မြန်မာ့ဂီတနေ့အခမ်းအနားတွေကို ဇွန်လ(၁၆)ရက်ကနေ ဇွန်လ(၃၀)ရက်အထိ ပြုလုပ်ဖို့ ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

 

 

Related News