မျိုးဆက်ပွားကျန်းမာရေး၊ စိတ်နှင့်ခန္ဓာ ဘေးကင်းလုံခြုံမှုဆိုင်ရာဗဟုသုတတွေ နည်းပညာသင်ထောက်ကူ ပစ္စည်းနဲ့Application မိတ်ဆက်ပွဲအခမ်းအနားကို ဇွန်လ(၂၇)ရက်က Pan Pacific Hotel မှာ မိတ်ဆက်ခဲ့ပါတယ်။ ဘေးကင်း Application မိတ်ဆက်ပွဲ အခမ်းအနားမှာ ကလေးသူငယ်တွေ ဘေးကင်းစေဖို့အတွက် ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို မျှဝေဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဘေးကင်း Application ကို  Play Store မှာ Download လုပ်ယူနိုင်တယ်လို့ သိရပါတယ်။ ဒီ Application က 3D ရုပ်ကြွပုံ ကာတွန်းပုံစံတွေဖြစ်ပြီး  မိမိကိုယ် မိမိခုခံကာကွယ်မယ့် ပုံစံတွေကို ထည့်သွင်းထားတာဖြစ်ပါတယ်။360ed မှ အခမဲ့ပေးထားတဲ့ Application တွေအပြင် အသိပညာ၊ ဗဟုသုတတွေနဲ့ပတ်သက်ပြီး ထုတ်ထားတဲ့စာအုပ်(၇)အုပ်ကို စာကြည့်တိုက်၊ ဆေးရုံ၊ ဆေးခန်းတွေမှာပါ ထားရှိပေးထားမှာဖြစ်ပါတယ်။ ဒီမိတ်ဆက်ပွဲအခမ်းအနားကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက တာဝန်ရှိသူတွေအပြင် အနုပညာရှင်တွေကလည်း ၀င်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် စွန့်ပစ်ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ သင်ထောက်ကူပစ္စည်းတွေကိုလည်း မိတ်ဆက်ပြသမှု တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

 

Related News