ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူတစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်မြို့မှာ လာမယ့် ၆ လအတွင်း အိမ်ထောင်သည်တွေ ကိုယ်ဝန်မဆောင်ကြစေဖို့ တိုက်တွန်းနှိုးဆော်ချက်တစ်ခုကို ကျန်းမာရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်သွားဖို့ အောက်တိုဘာ ၂၈ ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဋ္ဌာနမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားပါတယ်။ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ နိုင်ငံခြားသူတစ်ဦးကို စစ်ဆေးတွေ့ရှိရတယ်လို့ အောက်တိုဘာ ၂၇ ရက်က ပြန်ကြား ရေးဝန်ကြီးဋ္ဌာနက တဆင့် ထုတ်ပြန်ကြေညာထားတာပါ။ ဒီလိုတွေ့ရှိရတဲ့ ရန်ကုန်မြို့မှာ လာမယ့် ၆ လအတွင်းမှာ အိမ်ထောင်သည်တွေ ကိုယ်ဝန်မယူကြဖို့နဲ့ ကိုယ်ဝန်သည်တွေကို ဂရုစိုက်ကြဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားတာပါ။ ကိုယ်ဝန်ယူကြ မယ်ဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဋ္ဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးမှ ယူသင့်တယ်လို့လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါတယ်။ 

ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ နိုင်ငံခြားသူဟာ မြန်မာပြည်မှာနေထိုင်လာတာ ၂ နှစ်နီးပါးရှိပြီဖြစ်ပြီး သူအနေနဲ့ ရောဂါကူးစက်ကြောင်းလက္ခဏာမပြမီ ၁၄ ရက်အတွင်းမှာ ရောဂါဖြစ်ပွားနေတဲ့နိုင်ငံကို သွားရောက်ခဲ့တာပါ။သူကူးစက်ခံထားရတဲ့ဗိုင်းရက်စ်ဟာပြည်ပကနေ ကူးစက်လာဖွယ်ရှိတယ်လို့ပြောပါတယ်။ဒီနိုင်ငံခြားသူဟာ ဘယ်နိုင်ငံကနေကူးစက်လာတယ်၊ ဘယ်နိုင်ငံသူဖြစ်တယ်၊ အခုလက်ရှိ ဘယ်နေရာမှာ နေထိုင်နေတယ်ဆိုတာကိုတော့ ကာယကံရှင်ရဲ့ တောင်းဆိုချက်အရနဲ့ ကမာ်္ဘ့ကျန်းမာရေးဝန်ကြီးဋ္ဌာနတွေရဲ့ လုပ်ဆောင်ချက်တွေအရဆိုပြီး ကျန်းမာရေး ၀န်ကြီးဋ္ဌာနကတော့ အသိပေးခြင်းမရှိပါဘူး။ လက်ရှိအချိန်မှာတော့ ရောဂါပိုး ရှာဖွေတွေ့ရှိထားတဲ့ နိုင်ငံခြားသူကို သူမရဲ့ နေအိမ်မှာ ၂ ပတ်ကြာ ကုသမှုတွေ ပြုလုပ်ထားနေပြီး ၂ ပတ်ကျော်လွန်ပါက ပုံမှန်အတိုင်း သွားလာခွင့်ပြုသွားမယ်လို့ လည်းသိရပါတယ်။  

 

Related News