ဒီဇင်ဘာလ ၁ ရက်နေ့ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ World AIDS Day အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို မန္တလေးမှာ မနေ့က ဒီဇင်ဘာလ ၂ရက် က ကျင်းပခဲ့ပါတယ်။မနက် ၅နာရီခွဲမှာ မန္တလေးမြို့တော်ခန်းမရှေ့ကနေ စတင်ပြီး နန်းရှေ့ ၁၉လမ်း အထိလမ်းလျှောက်ခဲ့ကြတာပါ။ World AIDS Day အထိမ်းအမှတ်ပွဲတွေကို မန္တလေးမှာ နှစ်စဉ်ကျင်းပတယ်ဆို ပေမယ့် စုပေါင်း လမ်းလျှောက်ပွဲကိုတော့ ဒီနှစ်မှ ပထမဆုံးအကြိမ် ကျင်းပတာလို့ သိရပါတယ်။ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စုပေါင်း လမ်းလျှောက်ပွဲမှာ မန္တလေးမြို့ပေါ်မှာရှိတဲ့ NGO ,INGO အဖွဲ့အစည်း ၃၀ကျော်ပါဝင် တယ်လို့ သိရပါတယ်။
