ဒုတိယအကြိမ်မြောက် ကမ္ဘာ့စားသုံးသူများနေ့အထိမ်းအမှတ် အနေနဲ့ စာတမ်းဖတ်ပွဲတွေ၊ ဖျော်ဖြေပွဲတွေ၊ အသိပညာပေးပြခန်းတွေ၊ ကာတွန်းပြိုင်ပွဲတွေကို မန္တလေးမြို့၊ မြို့တော်ခန်းမမှာ ၃ရက်ကြာကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။  မြန်မာနိုင်ငံကိုယ်စားပြု ဒုတိယအကြိမ်အဖြစ်ကျင်းပတဲ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မတ်လ ၁၅ရက်၊ ၁၆ ရက်၊ ၁၇ ရက် စုစုပေါင်း ၃ ရက်တိုင်တိုင် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ကနေ ဦးစီးကျင်းပတာ ဖြစ်ပါတယ်။ 

 မြန်မာနိုင်ငံမှာ စားသုံးသူတွေရဲ့ အခွင့်အရေးသတိပြုမိရယူနိုင်ဖို့၂၀၁၆ ဧပြီလ ၁ရက်ကစတင်ပြီး စားသုံးသူရေးရာဦးစီးဌာနကို ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတ၀ှမ်းက ကျောင်းတွေ၊ အသင်းအဖွဲ့တွေ၊ ဈေးတွေ၊ တပ်ရင်းတပ်ဖွဲ့တွေကို ပညာပေးဟောပြောမှုတွေပြုလုပ်ခဲ့တာ အကြိမ်ရေပေါင်း တစ်သောင်းခွဲကျော်ရှိနေပြီလို့ သိရပါတယ်။ စားသုံးသူအခွင့်အရေးနဲ့ပတ်သက်တဲ့ပညာပေးဟောပြောမှုတွေအပြင် လုပ်ငန်းရှင်တွေ လိုက်နာ ကျင့်သုံးရမယ့် စည်းမျဉ်းတွေကိုလည်း နိုင်ငံတ၀ှမ်းမှာ အကြိမ်ပေါင်း ၅၀၀ ကျော်ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။ 

 

 

Related News