ပြည်တွင်းက မွေးရာပါနှလုံးရောဂါဝေဒနာခံစားနေရတဲ့ ကလေးအယောက် (၅၀) ကို တရုတ်နိုင်ငံက ဆေးရုံမှာ အခမဲ့ခွဲစိတ်ကုသပေးမယ့် အစီစဉ်ကို မတ်လ (၂၈) ရက်က ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံမှာ ကျင်းပခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ မြန်မာ - တရုတ်ချစ်ကြည်ရေး ကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်မဲ့ အစီစဉ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ရန်ကင်းကလေးဆေးရုံမှာ ဆေးရုံတက်ရောက်ကုသမှုခံယူနေတဲ့  မွေးရာပါနှလုံးရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးငယ် အယောက်(၅၀)ကို တရုတ်နိုင်ငံက ဆေးရုံမှာ အခမဲ့ ခွဲစိတ်ကုသပေးသွား မှာဖြစ်တယ်လို့ ရပါတယ်။

 ဒီနှလုံးရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေကို တရုတ်နိုင်ငံမှ တရုတ်နိုင်ငံအမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ် ( China Charity Federation  ) အဖွဲ့ နဲ့ မြန်မာ ပြည်တွင်းက နှလုံးအထူးကုဆရာဝန်ကြီးတွေက ပြည်နယ်နဲ့ တိုင်းအသီးသီးက မွေးရာပါနှလုံးရောဂါ ခံစားနေရပြီး ဆင်းရဲနွမ်းပါတဲ့ ကလေးငယ်တွေကို အဓိကရွေးချယ် ကုသပေးမှာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံမှ တရုတ်နိုင်ငံအမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်က အခုလိုမျိုး မွေးရာပါ နှလုံးရောဂါခံစားနေရတဲ့ ကလေးငယ်တွေကို အခမဲ့ခွဲစိတ်ကုသပေးမယ့် အစီစဉ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။ သွားရောက်ကုသခံရမဲ့ နှလုံးဝေဒနာရှင် ကလေး အယောက် (၅၀) ကို သုံးသုတ်ခွဲကာ ဧပြီလမှာ ကုသသွားမှာလည်း ဖြစ်ပါတယ်။

လက်ရှိ ရန်ကင်းကလေးဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ကလေးငယ် အသက် (၈) နှစ် ကနေ (၁၄) နှစ်အတွင်း မွေးရာပါ နှလုံးရောဂါခံစားနေရတဲ့ ကလေးငယ်တွေကို မတ်လ (၂၈) ရက် ကနေ မတ်လ (၃၁) ရက်နေ့ အထိ (၄) ရက်ကြာ ရောဂါရှာဖွေစမ်းသပ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အဲ့ဒီထဲကမှ ကလေးငယ်ယောက်(၅၀)ကို တရုတ်နိုင်ငံမှ အခမဲ့ခွဲစိတ်ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကင်းကလေးဆေးရုံမှာ နှလုံးရောဂါခွဲစိတ်မှုခံယူမယ့် စာရင်းပေးထားသူ အယောက် (၃၀၀) ထိရှိတယ်လို့ သိရပါတယ်။

Related News