မန္တလေးမြို့ ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှာ လိုအပ်တဲ့ ဆေးရုံသုံး ဆက်စပ်ပစ္စည်း တန်ဖိုးတွေအပါအ၀င် ငွေကျပ်သိန်း ၈၀၀ ကျော်ကို ဧဒင်အုပ်စုကုမ္ပဏီရဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ Denko Trading  ကုမ္ပဏီတို့ကနေ ဧပြီလ ၁ ရက် က လှူဒါန်းခဲ့ပါတယ်။  ၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ကုတင် ၅၅၀ ဆံ့ မန္တလေး ကလေးဆေးရုံကြီးဟာ အထက်မြန်မာပြည် ကိုယ်စားပြုဖြစ်လို့ (၂၀၁၄-၁၅-၁၆)ခုနှစ်တွေမှာ ဆေးရုံတက်ရောက် ကုသသူတွေ သိသိသာသာ များလာတယ်လို့ သိရပါတယ်။ ဒီလိုပြည်သူ့ဆေးရုံကြီးဖြစ်တဲ့အတွက် လိုအပ်ချက်တွေကတော့ ရှိနေဆဲဖြစ်တယ်လို့ အခုလိုပြောပါတယ်။

အထက်မြန်မာပြည် ကိုယ်စားပြု ကုတင် ၅၅၀ ဆံ့ မန္တလေး ကလေးဆေးရုံကြီး အတွက် အောက်ဆီဂျင် အလုံး ၅၀၊ သွေးလွန်တုပ်ကွေးရောဂါ ခံစားရတဲ့ ကလေးငယ်တွေအတွက် အရေးပါတဲ့ သွေးရည်ကြည် ဖျော်စက်တစ်လုံး၊ Oxygen Air Blender  အလုံး၂၀ ၊ ရင်ကျပ်နေတဲ့ ကလေးတွေအတွက် အသက်ရှူစက် Machine C PAP  ၂ လုံး၊ စက်နဲ့အကြောဆေးသွင်းရတဲ့ Syringe Pump  ၅ လုံးစတဲ့ လိုအပ်သောဆေးရုံသုံးဆက်စပ် ပစ္စည်း(၆) မျိုး၊ ဆေးရုံအထွေထွေ ရန်ပုံငွေအပြင် ၀န်ထမ်းတွေအတွက် လက်ဆောင်တွေ အပါအ၀င် စုစုပေါင်း ငွေကျပ် သိန်း ၈၂၀ ကျော်ကို ဧဒင်အုပ်စု ကုမ္ပဏီရဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ Denko Trading  ကုမ္ပဏီတို့ကနေ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှာ ၀န်ထမ်းပေါင်း (၈၄၂)ဦး တာဝန် ထမ်းဆောင်နေပြီး ပြီးခဲ့တဲ့ နှစ် (၂၀၁၆)က ကလေးအတွင်းလူနာ (၂သောင်း၎ထောင်)၊ ပြင်ပလူနာ ၅ သောင်း ၆ ထောင် ဆေးကုသမှုခံယူခဲ့တယ်လို့သိရပါတယ်။

 

 

Related News