မြန်မာနှစ်သစ်ကူးမှာ သွေးလိုအပ်သူတွေကို သွေးလှူဒါန်းနိုင်ဖို့အတွက် ဇီဝိတဒါနသံဃဆေးရုံ ကြီးရဲ့ (၁၇)ကြိမ်မြောက် နှစ်သစ်အကြို စုပေါင်းသွေးလှူဒါန်းပွဲကို ဧပြီလ(၈)ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခုလို သွေးလှူဒါန်းမှုကိုတော့ ယာဉ်မတော်တဆမှုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သွေးအား နည်းသူတွေအတွက် သွေးများရရှိစေဖို့ အခုလို စုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ်ရတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ သွေးလှူဒါန်းလိုတဲ့ အသိစိတ်ထွန်းကာ လာစေဖို့အပြင် အရေးတကြီးသွေးလိုအပ်သူတွေကို သွေးဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်တာ ဖြစ်တယ်လို့ပြောပါတယ်။

(၁၇)ကြိမ်မြောက် ကျင်းပတဲ့ သွေးလှူဒါန်းပွဲမှာတော့ ဇီဝိတဒါနသံဃဆေးရုံကြီးအနေနဲ့  သွေးလှူဒါန်းမှုအဖြစ် အမျိုးသားသွေးဌာနကို သွေးလှူဒါန်းခဲ့တာဖြစ်ပြီး တစ်နှစ်လျင်တစ်ကြိမ် ပုံမှန်သွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သွေးလိုအပ်ချက်များပြား လာတာကြောင့် (၂၀၁၆)ခုနှစ်က စလို့ သင်္ကြန်မတိုင်မီနဲ့ အောက်တိုဘာလတွေမှာ ပုံမှန်လှူဒါန်းခဲ့ပြီး တစ်နှစ်ကို (၂)ကြိမ် လှူဒါန်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နှစ်သစ်အကြိုအဖြစ်ကျင်းပတဲ့ ဇီဝိတဒါနသံဃဆေးရုံကြီးရဲ့ စုပေါင်းသွေးလှူဒါန်းပွဲမှာတော့ သွေးလှူဒါန်းဖို့ ကြိုတင်စာရင်းပေးထားသူ (၂၇၁)ဦးရှိပြီး သွေးလှူဒါန်းသူတွေကို ကျန်းမာရေး ကောင်းမွန်ကြောင်း စစ်ဆေးပေးခြင်းအပြင် သွေးအားပြည့်မှီကြောင်း စစ်ဆေးပေးခဲ့ပါတယ်။ဇီဝိတဒါနသံဃဆေးရုံကြီးရဲ့ သွေးလှူဒါန်းမှုအဖြစ် (၁၉၉၂)ခုနှစ်ကစပြီး သွေးလိုအပ်တဲ့ နေရာတွေကို ပုံမှန်သွေးလှူဒါန်းမှုပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိ သွေးအိတ်ပေါင်း (၃၅၄၂)အိတ်ကို လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

 

Related News