ရာသီတုပ်ကွေးရောဂါ H1N1 ကို ပြည်သူများအနေနဲ့ ကြိုတင်ကာကွယ်မှု ပြုလုပ်နေကြ တယ်လို့ သိရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009 ) ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အထူးဦးစားပေးရောဂါ စောင့်ကြပ်ကြည့်ရူခြင်း လုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် H1N1 ရောဂါဟာ အသက်ရှူလမ်းကြောင်းလေထဲက ပျံ့နှံ့ကူးစက်တာဖြစ်တာကြောင့် နှာချေ ၊ချောင်းဆိုးလျှင် အုပ်ပြီးဆိုးသင့်ကြောင်း၊တစ်ကိုယ်ရေသန့်ရှင်းဖို့၊လက်သန့်ရှင်းဖို့လိုအပ်ကြောင်းနဲ့ ကိုယ်ခံအားကောင်းစေဖို့ အစားများများစားသင့်ကြောင်း ဇူလိုင်လ(၂၄) ရက်က ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကဦးဆောင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

ရာသီတုပ်ကွေးရောဂါ H1N1 ဟာ လေထဲကပျံ့နှံ့ကူးဆက်တဲ့ရောဂါဖြစ်တာကြောင့် အခုလက်ရှိ ပြည်သူအများစုဟာ လူစည်ကားတဲ့နေရာတွေမှာ နှာခေါင်းစည်းတပ်ခြင်း ၊ လက်သန့် ဆေးရေကိုဆောင်ထားခြင်း၊ လက်ကိုဆပ်ပြာနဲ့စင်ကြယ်အောင်ဆေးခြင်းတွေပြုလုပ်ပြီး ကာကွယ်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရာသီတုပ်ကွေးရောဂါ H1N1 ဟာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အသက်ကြီး သူတွေနဲ့ ကိုယ်ခံအားကျဆင်းနေသူတွေကိုအသက်ရှုလမ်းကြောင်း လေထဲကနေပျံ့နှံ့ကူးစက်လွယ် တယ်လို့ သိရပါတယ်။

 

 

Related News