H1N1  ရာသီတုပ်ကွေးရောဂါဖြစ်ပွားကြောင်း အတည်ပြုထုတ်ပြန်တဲ့ ဇူလိုင်လ ၂၁ ရက်ကနေ ဒီကနေ့ သြဂုတ်လ ၄ ရက်အထိ H1N1  ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ(၁၄)ဦးထိ ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရာသီတုပ်ကွေးနှင့် ပက်သက်ပြီး သတင်းထုတ်ပြန်ချက် အမှတ်စဉ်(၁၁)အရ သိရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သြဂုတ်လ ၁ ရက်မှ စတင်ပြီး ဆေးရုံတက်ရောက်ခဲ့တဲ့ အမျိုးသမီးတစ်ဦး သြဂုတ်လ ၂ရက်မှာ ထပ်မံသေဆုံးခဲ့တာကြောင့် တစ်နိုင်ငံလုံးမှာ H1N1  ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ (၁၄) ဦးအထိရှိလာပြီဖြစ်ပါတယ်။ သြဂုတ်လ ၃ ရက် နေ့ က  H1N1  အတည်ပြုလူနာ ၁၁၀ ဦးတွေ့ရှိထားတယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီအထူးကုဆေးရုံကြီးမှာံ၁ြ၁ ရာသီတုပ်ကွေးရောဂါအတည်ပြု အတွင်းလူနာ(၂၆) ဦးတက်ရောက်ကုသနေပြီး အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ရာသီတုပ်ကွေးရောဂါလူနာ ၃၇ ဦးကုသမှုခံယူနေဆဲဖြစ်ပါတယ်။ H1N1  ရာသီတုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက်နေသူတွေထဲက ၂၈ ဦးရောဂါ သက်သာတာကြောင့် ဆေးရုံဆင်းခဲ့ကြောင်း သတင်းရရှိထားပါတယ်။ 
 
 
 

Related News