N95 masks တွေကို ဆေးဆိုင်အချို့နဲ့ စတိုးဆိုင်အချို့မှာ ရောင်းချခြင်းမရှိတာကြောင့် ၀ယ်ယူဖို့အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ဆေးဆိုင်အချို့နဲ့ စတိုးဆိုင်အချို့ဟာ N95 masks တွေကို ၀ယ်ယူရောင်းချဖို့ ပင်ရင်းဈေးကိုက များနေတဲ့အပြင် ၀ယ်ယူသူနည်းပါးတာကြောင့် မရောင်းကြတာဖြစ်ပြီး ပြည်သူအများစု ၀ယ်ယူကြတဲ့ ဓါတ်ခွဲခန်းသုံးတဲ့ mask  ကိုသာအဓိကရောင်းချတယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ ဓါတ်ခွဲခန်းသုံးတဲ့  mask လည်းဈေးကွက်ထဲမှာ ပစ္စည်းပြတ်နေ တယ်လို့ သိရပါတယ်။ဒါနစုဘူး ပရဟိတလူငယ်အဖွဲ့ကတော့ N95 masks တွေကို ဇူလိုင်လ(၂၈)ရက်ကတည်းက ဌာနဆိုင်ရာတွေ၊ ပုဂ်္ဂလိကစီးပွားရေးလုပ်ငန်းတွေ၊ ပရဟိတအသင်းတွေနဲ့ သာမန်အိမ်တောင်စုတွေကို ခွဲတမ်းနဲ့ ရောင်းပေးခဲ့တယ်လို့သိရပါတယ်။ ပြည်တွင်းကနေပဲ ၀ယ်ယူထားတဲ့ တရုတ်နိုင်ငံထုတ် N95 masks တွေကိုတော့ တစ်ခု(၅၀၀)ကျပ်နဲ့ ရောင်းချပေးခဲ့ပြီး နိုင်ငံခြားကမှာယူရတဲ့ ဂျာမနီနိုင်ငံထုတ် N95 masks နဲ့ မလေးရှားနိုင်ငံထုတ် N95 masks တွကိုတော့ (၁၀၀၀)ကျပ်နဲ့ ရောင်းချပေး တယ်လို့သိရပါတယ်။ ဒါနစုဘူး ပရဟိတလူငယ်အဖွဲ့မှရောင်းချတN95 masks  တွေကို ၀ယ်ယူထားတဲ့ သူတွေကတော့ အပြင်မှာရောင်းနေတဲ့ဈေးတွေနဲ့မတူဘဲ အခုလို (၅၀၀)၊ (၁၀၀၀) ကျပ်သာရောင်းချပေးတာကြောင့် ယ်ယူရတာအဆင်ပြေတယ်လို့ပြောပါတယ်။
 
ဒါနစုဘူး ပရဟိတလူငယ်အဖွဲ့ဟာ N95 masksတွေကို စတင်ရောင်းချချိန်မှာ ၀ယ်ယူသူများတာကြောင့် ပစ္စည်းပြတ်လတ်မှုမရှိအောင် ခွဲတမ်းနဲ့ရောင်းချခဲ့ရပေမယ့် ယခုအခါမှာတော့ လာရောက်ဝယ်ယူသူတွေကို လိုသလောက်ရောင်းပေးမယ်လို့သိရပါတယ်။
 
 
 

Related News