Forever Group Co.,Ltd   မှ ပြင်ပရိုက်ကူးရေး တာဝန်ထမ်းဆောင်ရသူ ၀န်ထမ်းများ၊ လူအများနှင့် ထိတွေ့လုပ်ငန်းဆောင်ရွက်ရသူဝန်ထမ်းများကို ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး များကို ၀န်ထမ်းများအားအလှည့်ကျ လိုက်လံ ထိုးနှံပေးနေတာ ဖြစ်ပါတယ်။ယခု ထိုးနှံပေးတဲ့ ကာကွယ်ဆေးတွေဟာ အမေရိကန်နိုင်ငံထုတ်ဖြစ်ပြီး Seasonal influenza type A ထဲမှာပါဝင်တဲ့  H1N1  နဲ့ H3N2   ဗိုင်းရပ်စ်တွေအပြင် type B   အမျိုးအစား နှစ်ခုကိုလည်း ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးဟာ ထိုးနှံပြီး နှစ်ပတ်အကြာမှ ဆေးအာနိသင်ပြကာ အကာကွယ်ပေးနိုင်တာကြောင့် လူထူထပ်တဲ့ နေရာတွေသွားရင် နှာခေါင်းစည်း တပ်ဆင်တာနဲ့ အရာဝတ္ထုတွေကိုင်တွယ်ပြီးတိုင်း လက်ဆေးသင့်တယ်လို့ သိရပါတယ်။
 
 
 

Related News