ရာသီတုပ်ကွေး H1N1 ရောဂါရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေကြောင့် သေဆုံးခဲ့တဲ့ လူနာ (၈) ဦး ရှိတယ်လို့သိရပါတယ်။ 

နောက်ဆုံးရရှိထားတဲ့ သတင်းထုတ်ပြန်ချက်အရ ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပေမဲ့ ရာသီတုပ်ကွေး နောက်ဆက်တွဲဆိုးကျိုးကြောင့် သေဆုံးခဲ့သူ လူနာရှစ်ဦးသာရှိပြီး တခြားရောဂါအခံ လက္ခဏာတွေကြောင့်သေဆုံးသူကတော့ (၁၆)ဦးအထိရှိတယ်လို့ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သြဂုတ်လ ၁၂ ရက်မှာ နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ (၂၃)ဦးအထိရှိလာပြီ ဖြစ်ပါတယ်။ 

ယခုကာလမှာ ခုခံအားကျဆင်းတဲ့ ကာလသားရောဂါ၊ ဆီးချို၊ သွေးချိုရောဂါအခံရှိသူတွေ ကင်ဆာရောဂါ ကုထုံးကုသနေရသူတွေ၊ အသက်အရွယ်ကြီးသူ၊ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ် အလွယ်တကူကူးစက်နိုင်ပြီး သေဆုံးရာခိုင်နှုန်း မြင့်တာကြောင့် ရောဂါသံသယရှိတာနဲ့ နီးစပ်ရာကျန်းမာရေးဌာနတွေကို သွားရောက်သင့်တယ်လို့ အကြံပြုထားပါတယ်။ 

အဏုဇီဝဗေဒအဖွဲ့က ဦးဆောင်ပြီး သြဂုတ်လ ၁၃ ရက်က သူနာပြုတက္ကသိုလ်မှာ ရာသီတုပ်ကွေး H1N1 ရောဂါအကြောင်းနဲ့ လိုက်နာသင့်တဲ့ ကျန်းမာရေး အသိပညာတွေကို ပြည်သူတွေနဲ့ အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

 

 

Related News