အိန်္ဒိယနိုင်ငံ Fortis ဆေးရုံကြီးနဲ့ မြန်မာနိုင်ငံ Grand Hantha Internationalူ ဆေးရုံကြီးတို့ပူးပေါင်းကျင်းပတဲ့ အသည်း၊ ကျောက်ကပ်အစားထိုးကုသမှုဆိုင်ရာ ကျန်းမာရေး ဟောပြောပွဲကို စက်တင်ဘာလ (၉)ရက်နေ့က Grand Hantha International ဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ အိန်္ဒိယနိုင်ငံ Fortis ဆေးရုံကြီးရှိဆီးနဲ့ကျောက်ကပ်ခွဲစိတ် ဆရာဝန်ကြီးကိုယ်တိုင်ခွဲစိတ်မှု ပြုလုပ်ပေးထားတဲ့ မြန်မာလူနာဟောင်းတွေကို လာရောက်ကြည့်ရှုတာ ဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ အခုလိုကျန်းမာရေးဟောပြောပွဲပြုလုပ်တာဟာ မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ ကျောက်ကပ်အစားထိုးကုသတာနဲ့ ပက်သတ်ပြီး ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ သိရှိအောင် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
 
အိန်္ဒိယနိုင်ငံ Fortis ဆေးရုံကြီးရဲ့ရုံးခွဲကို မြန်မာနိုင်ငံမှာ (၂၀၁၆)ခုနှစ်က ဖွင့်လှစ်ထားတာ ဖြစ်ပြီး ဒီဆေးရုံမှာ အခုလို အသည်းအစားထိုးကုသခြင်း၊ ကျောက်ကပ်အစားထိုး ကုသခြင်းတွေကို အခမဲ့စမ်းသပ်မှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကကုသလို သူတွေအနေနဲ့ အိန်္ဒိယနိုင်ငံ Fortis ဆေးရုံကြီးမှာသွားရောက်ဆေးကုသဖို့အတွက် အခမဲ့ဝန်ဆောင်မှုတွေ ပေးနေတယ်လို့သိရပါတယ်။ အိန်္ဒိယနိုင်ငံ Fortis ဆေးရုံရဲ့ ရုံးခွဲကိုတော့ အမှတ်(၈၁၀-မြေညီထပ်)၊ စိမ်းဂေဟာ-၃၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ကုသလိုသူတွေအနေနဲ့ လာရောက်ဆေးကုသမှုခံယူနိုင်တယ်လို့ သိရပါတယ်။ 
 

Related News