ကမ္ဘာ့နှလုံးရောဂါနေ့အတွက် ရည်ရွယ်ကျင်းပခဲ့တဲ့ ဟောပြောပွဲကိုစက်တင်ဘာလ ၂၃ ရက်က UMFCCI မှာ ပြုလုပ်ခဲ့ပါတယ်။ နှလုံးခုန်နှုန်း စည်းချက်မမှန်ရင် ရုတ်တရက် လေဖြတ်တာတွေ ဖြစ်နိုင်ပြီး သာမန်လူတစ်ယောက်အနေနဲ့ လက်ကောက်ဝတ်ကို စက္ကန့် ၃၀ကြာ နှလုံးခုန်နှုန်းမှန်၊ မမှန် နေ့စဉ်စမ်းသပ်လေ့လာသင့်တယ်လို့ သိရပါတယ်။ နှလုံးခုန်နှုန်း မူမမှန်တာကို မကုသပဲထားရင် နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာနဲ့ ဦးနှောက်သွေးကြော ပိတ်တာတွေအထိ ဖြစ်နိုင်တယ်လို့ အဆိုပါဟောပြောပွဲမှ သိရပါတယ်။

ပြည်တွင်းမှာ သွေးတိုးရောဂါဖြစ်ပွားသူ ၂၅ ရာခိုင်နှုန်း၊ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားသူ ၁၄ ရာခိုင်နှုန်းနဲ့ သွေးတွင်းအဆီဓာတ်များသူ ၂၀ ရာခိုင်နှုန်းကျော်ရှိနေပြီး ဒီလိုရောဂါအခံရှိသူတွေ ကနေ နှလုံးခုန်နှုန်းမူမမှန်တာ အများဆုံးဖြစ်နိုင်တယ်လို့ သိရပါတယ်။ နှလုံးခုန်နှုန်းစည်းချက် မမှန်တာကနေ ရုတ်တရက်လေဖြတ်တာကို ကာကွယ်နိုင်ဖို့ အရက်နဲ့ဆေးလိပ်သောက်တာတွေ လျှော့ချရမှာဖြစ်ပြီး သွေးပေါင်ချိန်ကို ဂရုတစိုက်ထိန်းဖို့လိုအပ်တယ်လို့ သိရပါတယ်။နှလုံးစည်းချက်မူမမှန်တာကို သတိပြုမိစေရန် အာရှ-ပစိဖိတ်ဒေသတွေမှာ ပညာပေးကာလ အနေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း တစ်ပြေးညီ အသိပညာပေး ဟောပြောပွဲ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Related News