အရိုးကြီးပေါင်းအကြောင်းသိကောင်းစရာ ကျန်းမာရေးဟောပြောပွဲကို အောက်တိုဘာလ (၈)ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေဘုန်းအထူးကုဆေးခန်းမှာကျင်းပခဲ့ပါတယ်။ အရိုးကြီးပေါင်းရောဂါဟာ အသက်(၅၀)၀န်းကျင်မှသာအများဆုံးဖြစ်ပွားလေ့ရှိတဲ့ ရောဂါလို့ သိရပါတယ်။ ယနေ့ ခေတ်မှာ   IT  ပစ္စည်းတွေပိုမိုအသုံးပြုလာမှုနဲ့အတူ ကွန်ပြူတာ၊ ဖုန်းတွေကိုပိုမို အသုံးပြုလာတာကြောင့် အရိုးကြီးပေါင်းရောဂါဟာ အသက်(၃၀)၊(၄၀)၀န်းကျင်တို့မှာ အဖြစ်များလာတယ်လို့အဆိုပါဟောပြောပွဲမှသိရပါတယ်။ ဒီလိုအရိုးကြီးပေါင်းရောဂါအဖြစ် များလာတာဟာနည်းစနစ်မှန်ကန်စွာခန္ဓာကိုယ်ကို မနေထိုင်တာကြောင့်ဖြစ်ပေါ်ရတာဖြစ်ပြီး ခန္ဓာကိုယ် ကိုနည်းစနစ်မှန်ကန်စွာနေထိုင်ရင်တော့ ရောဂါဖြစ်ပွားမှုနှုန်းဟာပိုမိုလျော့နည်းလာတယ်လို့ သိရပါတယ်။အရိုးကြီးပေါင်းရောဂါဟာ လည်ပင်းရိုး၊ ခါးရိုး၊ဒူးဆစ်ရိုးတို့မှာအများဆုံးဖြစ်ပွားလေ့ရှိပြီး တင်ပဆုံရိုး၊လက်ဆစ်ရိုး တို့မှာလည်းဖြစ်ပွားလေ့ရှိတယ်လို့သိရပါတယ်။ဒါအပြင်နောက်ဆက်တွဲဖြစ်တဲ့ လည်ပင်းကြောညပ်တာ၊ ခါး ကြောကြပ်တာ၊အရုံကြောတွေထုံတာကြင်တာအပြင် အကြောအားနည်းတဲ့ရောဂါတွေမှာ ဖြစ်ပွားနိုင်ခြေရှိတယ် လို့သိရပါတယ်။

 

 

Related News