ရင်သားကင်ဆာဟာ အများအားဖြင့်အသက်အရွယ်ကြီးသူတွေနဲ့အ၀လွန်တဲ့သူတွေမှာ ပိုမိုဖြစ်ပွား နိုင်ခြေရှိတယ်လို့ အောက်တိုဘာ(၂၈)ရက်က ပင်လုံဆေးရုံမှာပြုလုပ်ခဲ့တဲ့ ရင်သားကင်ဆာ အသိပေးမျှဝေခြင်းအစီအစဉ်မှသိရပါတယ်။ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေအများဆုံးက အသက်ရွယ်ကြီးသူတွေနဲ့အ၀လွန်တဲ့ သူတွေမှာပို အဖြစ်များနိုင်ခြေ ရှိပေမယ့် အသက်ငယ်သူတွေမှာလည်းဖြစ်နိုင်ချေ အနည်းငယ်ရှိတယ်လို့သိရပါတယ်။ ရင်သားကင်ဆာကို စောစီးစွာသိရှိပြီး အချိန်မီ ကုသနိုင်ရင် လူဘ၀သက်တမ်းနောက်ဆုံးအချိန်ထိ အသက်ရှင်နေထိုင်သွားနိုင်တယ်လို့ပြောပါတယ်။ ရင်သားကင်ဆာဖြစ်ပွားနိုင်တဲ့သူတွေဟာ အ၀လွန်တဲ့ သူတွေအပါအ၀င် အရက်သောက်ခြင်းနဲ့ ဆေးလိပ်သောက်တဲ့ သူတွေမှာ ရင်သားကင်ဆာ ပိုမိုဖြစ်ပွားနိုင်ခြေများတဲ့ အတွက်ကြောင့် အ၀လွန်တာကိုကာကွယ်တဲ့အနေနဲ့ လေ့ကျင့်ခန်းလုပ်တာတွေ၊ မိခင်တွေအနေနဲ့ ကလေးကိုပုံမှန်နို့တိုက်ခြင်းဖြင့်လည်း ရင်သားကင်ဆာကင်ဆာဖြစ်ပွားမှု နှုန်းကိုလျှော့ကျစေမှာဖြစ်ပါတယ်။
 
ရင်သားကင်ဆာအသိပညာပေးပွဲမှာတော့ ရင်သားနမူနာတွေကို အသုံးပြုပြီး ပွဲတက်ရောက်လာတဲ့ အမျိုးသမီးတွေကို စမ်းသပ်ကိုင်တွယ်နည်းသင်ပြခဲ့ပါတယ်။ အမျိုးသမီးတွေအနေနဲ့ မိမိရင်သားကို လစဉ် ဓမ်္မတာလာပြီးချိန် တစ်ပတ်မှ (၁၀)ရက်အတွင်း ပုံမှန် ကိုင်တွယ်စစ်ဆေးမှ ရင်သားမှာ ပြောင်းလဲနေတဲ့ သံသယဖြစ်ဖွယ် လက္ခဏာတွေ တွေ့ရှိပြီး အချိန်မီကုသမှုခံယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 
ရင်သားကင်ဆာဟာ အဆီစားသုံးမှုများပြီး အ၀လွန်တာ ၊ သန္ဓေတားဆေး ပုံမှန်သောက်သုံးတာနဲ့ မျိုးရိုးလိုက်တာတွေကြောင့်ဖြစ်ပွားနိုင်ပြီးအမျိုးသမီးတိုင်းဖြစ်ပွားနိုင်တဲ့ ရောဂါဖြစ်တာကြောင့် ရင်သားမှာ အလုံးအကျိတ်နဲ့အရေပြားပြောင်းလဲမှုရှိလားဆိုတာကို ပုံမှန်စစ်ဆေးပြီး စောစီးစွာသိရှိဖို့က အရေးကြီးဆုံးဖြစ်တယ်လို့သိရပါတယ်။
 
 

Related News