အာဆီယံဆိုင်ရာ ဆီးချိုနှင့် ဟော်မုန်းရောဂါညီလာခံ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံက ကျင်းပပြုလုပ်ခွင့်ရရှိခဲ့တာဖြစ်ပြီး ဒီညီလာခံဖွင့်ပွဲအခမ်းအနားကိုတော့ ရန်ကုန်မြို့MELIA Hotel မှာ နိုဝင်ဘာ ၉ ရက်က ပြုလုပ်ခဲ့ပါတယ်။ဒီဖွင့်ပွဲအခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချူပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း နဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ခဲ့ကြပါတယ်။
 
ဒီညီလာခံကတော့ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ စာတမ်းတွေတင်သွင်းတာ၊ ဆေးပညာကုထုံးတွေ၊ သုတေသနတွေ့ရှိချက်တွေ၊ အသစ်တွေ့ရှိတဲ့ ဆေးပညာရပ်တွေ စတာတွေကို နိုင်ငံအသီးသီးက ပညာရှင်တွေ ရှင်းလင်း ဟောပြောဆွေးနွေးမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။အာဆီယံဆိုင်ရာ ဆီးချိုနှင့် ဟော်မုန်းရောဂါပညာရှင်များအသင်းအနေနဲ့ မြန်မာပြည်က ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ PRE- Congress  အဖြစ်Workshop ကို သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါတွေ အကြောင်းကို နိုဝင်ဘာ(၉)ရက်နေ့ မနက်မှာ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာတော့ ဒီဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့တာပါ။
 
ဆီးချိုနှင့် ဟော်မုန်းရောဂါပညာရပ်ဆိုင်ရာ ပင်မ အစည်းအဝေးကို နိုဝင်ဘာ (၁၀)နဲ့ (၁၂)ရက်နေ့ထိ ကျင်းပပြုလုပ်နေတာပါ။ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ စတဲ့ နိုင်ငံပေါင်း(၃၀) ကျော်က  ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါတွေအကြောင်း စိတ်ဝင်စားတဲ့ ဆရာဝန်ပညာရှင် စုစုပေါင်း (၈၀၀)ခန့် တက်ရောက်ရန်ကြိုတင်စာရင်း သွင်းထားတယ်လို့သိရပါ တယ်။ ဒီညီလာခံမှာ ပညာရပ်ဆိုင်ရာစာတမ်း(၅၂)စောင်ဖတ်ကြားမှာဖြစ်ပြီး ပိုစတာ(၁၄၄) စောင်ပြသမှာ ဖြစ်ပြီးအကောင်းဆုံး စာတမ်းအတွက်ပထမ၊ဒုတိယနဲ့ အကောင်းဆုံးပိုစတာ အတွက် ပထမ၊ ဒုတိယဆုတို့ကို ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ 
 
 
 

Related News