နိုဝင်ဘာလ(၁၄)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ IBC ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးနေ့ကို ၀ိတိုရိယဆေးရုံက ဦးစီးကျင်းပခဲ့တာဖြစ်ပြီး  ဆီးချိုသွေးချိုရောဂါနဲ့ ပတ်သက်ပြီး ဆီးချိုသွေးချိုရောဂါဖြစ်ပွားတတ်တဲ့အကြောင်းအရာတွေ၊ ကြိုတင်ကာကွယ်နိုင်ရန်နဲ့ ဆီးချိုသွေးချိုရောဂါဖြစ်ပွားခဲ့ရင် ကုသနိုင်တဲ့အကြောင်းအရာတွေကို ဆီးချိုသွေးချိုရောဂါ အထူးကု ပါမောက္ခတွေက ဆွေးနွေးခဲ့ကြတာပါ။
 
ဒီအထိမ်းအမှတ်ပွဲမှာဆီးချိုသွေးချိုရောဂါနဲ့ ပတ်သက်တဲ့ ကုသမှုခံယူပုံတွေနဲ့ ရောဂါမဖြစ်ပွားအောင်ဆင်ခြင်ရမယ့်အပိုင်းတွေကို ဆီးချိုရောဂါရှင်တွေကလည်း ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။
လာမယ့် နိုဝင်ဘာလ(၁၇)ရက်နေ့မှာလည်း နေပြည်တော်မှာ ကမ္ဘာ့ဆီးချိုသွေးချို ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကို ကျင်းပသွားမှာဖြစ်ပြီး နိုဝင်ဘာလ(၁၉)ရက်နေ့ မှာတော့ ရန်ကုန်မြို့မိုင်ဒါကွင်းမှာလည်း ပြည်သူလူထုပါဝင်နိုင်တဲ့ အခမ်းအနားကို ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

Related News