အင်းစိန်မြို့နယ်က စာသင်ကျောင်းတွေမှာ  ဒီကနေ့ နိုဝင်ဘာ (၁၅)ရက်ကနေ (၂၃)ရက်အထိ ကျောင်းသား၊ ကျောင်းသူ(၃)သောင်း(၈)ထောင်ကျော်ကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပေးနေတာပါ။ 
 
အင်းစိန်မြို့နယ်က အခြေခံပညာ ကျောင်းပေါင်း(၅၀)၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (၂)ကျောင်းနဲ့ ပုဂ္ဂလိက ကျောင်း(၁၁)ကျောင်းမှာ ကာကွယ်ဆေးထိုးမှုကို သတ်မှတ်ရက်အတွင်း အလှည့်ကျထိုးပေးနေတာပါ။
 
အထက(၁) အင်းစိန်မှာတော့ (၃)ရက်ထိုးပေးမှာ ဖြစ်ပြီးကျောင်းသား (၂)ထောင်ကျော်ကို ထိုးပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ကာကွယ်ဆေးထိုးပေးရာမှာ အသက် (၅)နှစ်ကနေ (၁၅)နှစ်အတွင်း ကလေးငယ်တွေကို ကျောင်းအခြေပြု ထိုးနှံပေးနေတာဖြစ်ပြီး ဆေးမထိုးမီကျန်းမာရေးစီစစ်မှုတွေ ပြုလုပ်ပြီး ကျန်းမာရေး ကောင်းမွန်သူတွေကိုထိုးပေးတာဖြစ်တယ်လို့ သိရပါတယ်။ နေမကောင်းနာမကျန်း ဖြစ်နေသူတွေ ကိုတော့ စာရင်းယူပြီးဆေးထိုးပေးတဲ့ရက်အတွင်း ကျန်တဲ့ရက်တွေမှာထိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလိုကာကွယ်ဆေးထိုးမပေးခင် ကျောင်းသား၊ ကျောင်းသူတွေကို ဂျပန်ဦးနှောက်ရောင်ရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးဟောပြောမှုတွေလဲ ပြုလုပ်ပေးတယ်လို့ ပြောပါတယ်။
 
ယခုထိုးနှံပေးတဲ့ ဂျပန်ဦးနှောက်ရောက်ကာကွယ်ဆေးကို တရုတ်နိုင်ငံကနေ မှာယူတာဖြစ်ပြီး ကာကွယ်ဆေးစရိတ်ကို (ဂါဘီ)က အကုန်ကျခံကာ ကာကွယ်ဆေးထိုးနည်းပညာပိုင်းကို ယူနီဆက်နဲ့ ပါ့ထ်တို့က တာဝန်ယူပြီး ကာကွယ်ဆေးလုပ်ငန်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကနေ အကုန်ကျခံပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
 
 

Related News