ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တရုတ်နိုင်ငံမှာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်ခဲ့လို့ ရောဂါကာကွယ်ရေး၊ စောင့်ကြည့်ရေးနဲ့ကုသရေး လုပ်ငန်းတွေလုပ်ဆောင်ဖို့ တရုတ်ကျန်းမာရေး ၀န်ကြီးဌာနကတိုက်တွန်းနေပါတယ်။ နိုင်ငံတွင်းဖြစ်ပွားမှုမြင့်တက်နေတဲ့ ရာသီတုပ်ကွေးရောဂါပျံ့နှံ့မှုတွေကို စောင့်ကြည့်မှုတွေနဲ့ ကုသမှုတွေပိုတိုးလုပ်သွားဖို့ တရုတ်ကျန်းမာရေးအာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။ ရာသီတုပ်ကွေးဗိုင်းရပ်စ်ကာကွယ်ဆေး အလုံအလောက်ရရှိနိုင်ဖို့၊ မျက် နှာဖုံးအပါ အ၀င် ကာကွယ်ရေးအထောက်အပံ့တွေဖြန့်ဝေပေးဖို့နဲ့ ရောဂါပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် အချိန်နဲ့တပြေးညီ ကုသမှုပေးနိုင်ရေးစောင့်ကြည့်သွားဖို့ ကျန်းမာရေးအဖွဲ့တွေကို တရုတ်အမျိုးသား ကျန်းမာရေးနှင့်မိသားစုစီမံကိန်းဆိုင်ရာကော်မ ရှင်က တောင်းဆိုထားပါတယ်။
 
ရာသီတုပ် ကွေးဗိုင်းရပ်စ်သန္ဓေပြောင်းလဲမှုကိုအနီးကပ်လေ့လာစောင့်ကြည့်မှုတွေပြုလုပ်ဖို့လည်း ကော်မရှင်က တိုက်တွန်းခဲ့ပြီး ကျောင်းတွေမှာလည်း ကျောင်းသားတွေကို နေ့စဉ်ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ဖို့ အကြံပြုထားပါတယ်။ ကလေးငယ်တွေ၊ လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နာတာရှည်လူနာတွေ အနေနဲ့ ဗိုင်းရပ်ကာကွယ်ဆေးထိုးထား ရမယ်လို့ တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရာသီတုပ်ကွေးရော ဂါဖြစ်ပွားမှုမြင့်တက်လာပြီး (၂၀၁၇)ခုနှစ်ဒီဇင်ဘာလနောက်ဆုံးတစ်ပတ်မှာ ရောဂါဖြစ်ပွားမှုပေါင်း (၁၁၂၅၃)ရှိခဲ့တယ်လို့ တရုတ် အမျိုးသားတုပ်ကွေးဌာနကပြောပါတယ်။ ဒီဇင်ဘာတတိယတစ်ပတ်မှာ ရောဂါဖြစ်ပွား မှုပေါင်း (၇၇၃၀)ရှိခဲ့တယ်လို့လည်း တရုတ်ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။
 
 

Related News