HIV ရောဂါပိုးကူးစက်မှုအမြင့်ဆုံးဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်(၅)ခု အတွက် အမေရိ ကန်လာ(၁၀)သန်းသုံးပြီး HIV ကာကွယ်ရေးနဲ့ ကုသရေးတွေလုပ်ဆောင်ပေးမယ်လို့USAID(ယူအက်စ်အိတ်ထ်)က ထုတ်ပြန်ပါတယ်။ နှစ်နှစ်စီမံချက်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်တို့မှာ ဆောင်ရွက်မှာဖြစ်ပါတယ်။ဒီစီမံချက်က မူးယစ်ဆေးအကြောထဲသွင်းသူတွေ၊ အမျိုးသမီးလိင် လုပ်သားတွေနဲ့ လိင်တူဆက်ဆံသူတွေအတွက်အဓိကဦးတည်ဆောင်ရွက်မှာဖြစ်ပြီး HIVပိုးစစ်တာ၊ ရောဂါကာကွယ်တဲ့ လုပ်ငန်းတွေနဲ့ (ART) အေအာရ်တီ ဆေးပေးတာတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်မှုတွေရဲ့ ၂၈%ကျော်က မူးယစ်ဆေးအကြောထဲသွင်းတာကနေ ကူးစက်တာဖြစ်ပြီး၊ ၁၄%ကျော်ကအမျိုးသမီး လိင်လုပ်သားတွေနဲ့၁၁%က လိင်တူဆက်ဆံတာက တဆင့် အများဆုံးကူးစက်နေ တာဖြစ်တယ်လို့သိရပါတယ်။USAID(ယူအက်စ်အိတ်ထ်) ရဲ့ အခုစီမံချက်ဟာ အစိုးရရဲ့HIV/AIDS  ဆိုင်ရာ အမျိုးသားမဟာဗျူဟာ ငါးနှစ်စီမံကိန်းကို အထောက်အကူ ပြုမှာဖြစ်တယ် လို့သိရပါတယ်။၂၀၁၆ခုနှစ် က စတဲ့ အစိုးရရဲ့ငါးနှစ်တာ စီမံကိန်းကတော့ အမေရိကန်ဒေါ်လာ သန်း (၄၆၀) အသုံးပြုပြီး HIV ပိုးရှိသူ ၉၀% ဟာ မိမိအခြေအနေကိုသိရှိဖို့၊ရောဂါပိုးရှိသူ တွေရဲ့ ၉၀%ကို ကုသမှုပေးနိုင်ဖို့၊ ဆေးကုသသူတွေရဲ့ ၉၀%ကို ရောဂါပိုးထိန်းချုပ်တာအပါအ၀င် ဦးတည်ချက် ငါးချက်နဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။

USAID အနေနဲ့ ၂၀၁၁ခုနှစ် က စပြီး မြန်မာနိုင်ငံမှာHIV/AIDSလုပ်ငန်းတွေမှာ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ UNAID(ယူအက်စ်အိတ်ထ်) ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ  ၂၀၁၀ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၆ခုနှစ်ကုန်မှာ HIV အသစ်ကူးစက်မှု ဟာ ၂၆%ကျဆင်း ခဲ့ပြီး AIDS ရောဂါ ကြောင့်သေဆုံးမှု ဟာလည်း ၅၂% ကျဆင်းခဲ့ တယ်လို့သိရပါတယ်။ 

 

 

Related News