၂၀၁၈ သင်္ကြန်ကာလအတွင်း အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နေရာ(၅) နေရာမှာ လူနာတင်ယာဉ်များထားရှိပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ နာရေးကူညီမှု အသင်း(ရန်ကုန်)က သိရပါတယ်။ အခုနှစ် ၂၀၁၈ သင်္ကြန်ကာလမှာ မတော်တဆမှုတွေ တခြားအရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနှင့် ပြည်သူတွေကိုကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အရေးပေါ်ဌာနက ပြည်လမ်းအင်းယားကန်၊ ကမ္ဘာအေးဘုရားလမ်းမြကျွန်းသာ၊ မြို့တော်ဝန် ဗဟိုမဏ္ဍပ်၊ ရခိုင်သင်္ကြန်မဏ္ဍပ်၊ ဝေဇယန္တာလမ်းမပေါ်မှာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုအရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မူတွေဆောင်ရွက်တဲ့အခါမှာ လူနာတင်ယာဉ်(၅)စီး အဖွဲ့ဝင်အင်အား(၅၀)ခန့်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သင်္ကြန်ကာလ အတွက် ကျန်းမာရေးစောင့်ရှောက်မူတွေကို နေ့စဉ်နံနက်(၆)နာရီကနေည(၈)နာရီအထိ ၀န်ဆောင်မှု ပေးသွားမှာဖြစ်ပြီး လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးဆောင်ရွက်မယ့်အဖွဲ့ဝင်တွေ အနေနဲ့ ကြိုတင်လေ့ကျင့်ပြင်ဆင်မူတွေ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

သင်္ကြန်ကာလအတွင်း အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လူနာတင်ယာဉ်တစ်စီးပေါ်မှာ ယာဉ်မောင်းတစ်ဦး၊ ယာဉ်တာဝန်ခံတစ်ဦး၊ အကူ(၃)ဦး၊ ဆရာဝန် (၁)ဦးခန့်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပြီး နီးစပ်ရာဆေးရုံဆေးခန်းတွေကို ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ နှစ်သင်္ကြန်ကာလအတွင်း နာရေးကူညီမူအသင်း(ရန်ကုန်)အရေးပေါ်ဌာနအနေနဲ့ အပူရှပ်တာတွေ အမူးလွန်တာတွေကို  ကူညီကယ်ဆယ်ဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်းလူ(၂၀)ခန့်ကို အရေးပေါ် ကူညီကယ်ဆယ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

 

 

 

Related News