"ဆေးလိပ်၊ ကွမ်းယာရှောင်ကျဉ်ပေး ကင်ဆာရောဂါဖယ်ကွာဝေး" ဆိုတဲ့ ဟောပြောပွဲကို ကင်ဆာရောဂါ ဆေးပ ညာဌာနက ကြီးမှုးပြီး ဇွန်လ(၁၄)ရက်က မြောက်ဥက္ကလာပပြည်သူ့ဆေးရုံမှာ ပထမအကြိမ် ပြုလုပ်ခဲ့ပါတယ်။ "ဆေးလိပ်၊ ကွမ်းယာရှောင်ကျဉ်ပေး ကင်ဆာရောဂါဖယ်ကွာဝေး "ဟောပြောပွဲကိုပြုလုပ်ရခြင်းက ကမ္ဘာပေါ်မှာ ဆေးလိပ် နဲ့ ကွမ်းယာ သုံးစွဲသူ တွေများပြားလာပြီး ဆေးရုံမှာ ဆေးလိပ်နဲ့ ကွမ်းယာသုံးစွဲမှု ကြောင့်  ဆေးကုသ မှုခံယူနေရတဲ့ခံတွင်းကင်ဆာ ရောဂါဝေဒနာသည်တွေ များပြားလာတဲ့အတွက် ကာကွယ်ဖို့နဲ့  ဆေးကုသဖို့ အတွက်  ခက်ခဲမှုရှိတယ်ဆိုတာကို သိရှိစေဖို့အတွက်အခုလိုပြုလုပ်တာဖြစ်ပါတယ်။

ဒီဟောပြောပွဲကို  ဆေးတက္ကသိုလ်(၂) ပါမောက္ခ ချုပ် ဒေါက်တာ ဦးအေးထွန်း၊ မြောက်ဥက္ကလာပဆေးရုံအုပ် ဒေါက်တာဦးကြည်စိုး၊ နား၊နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးမျိုးမင်း၊ ပါမောက္ခဒေါက်တာမေခင်သိန်း၊ ဒေါက်တာ အောင်ထက် ထွန်း၊ မျက်နှာမေးရိုးနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာကျော်စံနိုင်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များက ပါဝင်ဟော ပြောခဲ့ကြတာဖြစ်ပါတယ်။

ဒီဟောပြောပွဲ မှာ ဆေးလိပ် ဆေးရွက်ကြီး နဲ့ကွမ်းယာကြောင့်လူမှု ဘ၀ထိခိုက်သည် အထိကျန်းမာရေးအန္တရာယ်ကြီးမားတဲ့ အကြောင်းအရာ တွေကိုပါ အသိပညာပေးအနေနဲ့ဟောပြောပေးခဲ့တာဖြစ်ပါတယ်။ အဆုတ်ကင်ဆာရောဂါဟာ ဆေးလိပ်သောက် ခြင်းနဲ့ကွမ်းစားတတ်တဲ့သူတွေမှာ အများဆုံးဖြစ်တတ်ပြီး အမျိုးသားတွေမှာ အဖြစ်များတယ်လို့သိရပါ တယ်။ 

အမျိုးသမီးတွေမှာတော့ အဆုတ်ကင်ဆာရောဂါဟာ တတိယအဖြစ်များဆုံးလို့သိရပါတယ်။ မြန်မာနိုင်ငံ မှာတော့ အဆုတ်ကင်ဆာ ရောဂါဖြစ်ပွားမှုနှုန်းက (၈၅) ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။အရင်က ကင်ဆာရောဂါဝေဒနာ ကိုဆေးကုသမှုခံယူနေတဲ့ ကင်ဆာဝေဒနာရှင်က တစ်နေ့ကို ပျမ်းမျှ အယောက်( ၁၆၀ ) ကနေ ( ၂၄၀ ) အထိရှိရာကနေ လက်ရှိမှာတော့ ရောဂါဝေဒနာခံစားနေရသူတွေပိုတိုးလာလို့ လာရောက်ဆေးကုသသူက တစ်နေ့ကို အယောက် ( ၂၀၀ ) ကနေ ( ၃၀၀ ) အထိကို တိုးလာတယ်လို့ သိရပါတယ်။ ဒီလိုမျိုးတိုးလာတဲ့အတွက် အခုလို့ ဟောပြောပွဲတွေကို ကျင်းပရတာလို့ သိရပါတယ်။ "ဆေးလိပ်၊ ကွမ်းယာရှောင်ကျဉ်ပေးကင်ဆာရောဂါဖယ်ကွာဝေး" ဟောပြောပွဲကို  ကင်ဆာရောဂါ ဝေဒနာရှင် များ၊ မိသားစုဝန်များနဲ့ ကျောင်းသားကျောင်းသူတွေကတက်ရောက်ခဲ့ပါတယ်။

 

 

 

 

Related News