ကမ္ဘာပေါ်ရှိ လူ ၁၀ဦးမှာ ၁ဦး အရေပြားမှိုရောဂါဖြစ်နိုင်တယ်လို့ မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီး အရေပြားအထူးကုဌာနမှ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာထားထားအောင်က ပြောပါတယ်။ ကမ္ဘာပေါ်ရှိ လူဦးရေ ၁.၅ သန်းဟာ မှိုရောဂါ ကြေင့် နှစ်စဉ်သေဆုံးနေတယ် လို့သိရပါတယ်။ အရေပြားမှိုရောဂါ ဟာ အရေပြားအပေါ်ယံလွှာမှာ ရှင်သန်ပေါက်ဖွားတဲ့ မှိုအမျိုးအစားကြောင့် ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ အရေပြားမှို ရောဂါဟာ အသက်အန္တရာယ်ကို တော်ရုံမထိခိုက်နိုင်ပေမယ့်  မကုသဘဲထားပါက အနာဖြစ်ကာ အခြား ရောဂါပိုးများ ဝင်လာနိုင်ပြီးအန္တရာယ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်တွင်းမှာဖြစ်ပွားတဲ့ မှိုရောဂါတွေကတော့ အသက် အန္တရာယ်ကိုထိခိုက် နိုင်တယ်လို့ဆိုပါတယ်။   ဒါကြောင့် အရေပြားမှိုရောဂါ ကုသဖို့ကအရေးကြီးပြီးလိမ်းဆေး၊ သောက်ဆေးတွေနဲ့ ကုသပျောက်ကင်းနိုင် တယ်လို့ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာထားထားအောင် ကပြော ပါတယ်။

အရေပြားမှိုရောဂါ ဟာ ဦးခေါင်းမှ ခြေဖျား အထိ အရေပြားအပေါ်ယံလွှာတွေမှာ ဖြစ်ပွားနိုင်ပြီး လူအချင်းချင်း ဒါမှမဟုတ် အိမ်မွေးတိရိစ္ဆာန် တွေကတဆင့် ကူးစက်နိုင်ပါတယ်။ ဦးခေါင်းမှာ ဖြစ်တက်တဲ့ ဒက်၊ ပါးစပ်မှာဖြစ်တက်တဲ့ မှက်ခရု၊ လက်ခြေတွေမှာဖြစ်တတ်တဲ့ လက်သည်း၊ ခြေသည်းပိုး၊ သဲဝဲ စား၊ ရေဝဲစား ခြင်းတွေဟာလည်း အရေပြားမှိုရောဂါတွေဖြစ်တယ်လို့သိရပါတယ်။ စိုစွတ်မှုများခြင်း၊ ချွေးထွက် များ ခြင်းက အရေပြား မှိုရောဂါ ကို ဖြစ်စေနိုင်ပြီး အဝတ်အစား အကပ်၊ အကျပ်များ ဝတ်ခြင်းက အရေပြားမှို ဖြစ်ပွားဖို့ အားပေးတယ် ဆိုပါတယ်။ အရေပြားမှို မဖြစ်အောင် တစ်ကိုယ်ရေသန့်ရှင်ရေးကို ဂရုတစိုက်ပြုလုပ် သင့်တယ်လို့ အရေပြားဆရာဝန်ကြီးက အကြံပြုပါတယ်။ အရေပြားမှိုရောဂါအကြောင်းသိကောင်းစရာ ကျန်းမာရေးဟောပြောပွဲ ကို ဇွန်လ ၁၆ရက် က မြန်မာနိုင်ငံဆရာ ဝန်အသင်း(မန္တလေးမြို့)၊ ရတနာပုံခန်းမ မှာ ပြုလုပ် ခဲ့တာဖြစ်ပါတယ်။

 

 

Related News