4R Consultancy ကုမ္ဗဏီက မြန်မာနိုင်ငံမှာရှိတဲ့ နှလုံး၊ ဆီးချိုနဲ့ ကျောက်ကပ်ရောဂါဝေဒနာရှင်တွေကို အိန္ဒိယနိုင်ငံမှာရှိတဲ့ Sri Ramakrishna(ဆာ ရာမာခရီရှာန) ဆေးရုံမှာ သွားရောက်ကုသနိုင်ဖို့ ချိတ်ဆက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံက နှလုံးရောဂါ၊ ဆီးချိုနဲ့ ကျောက်ကပ် ဝေဒနာကိုခံစားနေရတဲ့ ငွေကြေးချို့တဲ့ ရောဂါသည်တွေအတွက် ငွေကြေးဆိုင်ရာ အထောက်အပံ့နှင့် ကျန်းမာရေးဒါနအဖြစ်ဆောင်ရွက်ပေးလိုတဲ့ရည်ရွယ်ချက်ကြောင့် အခုလို ပြုလုပ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှ နှလုံး၊ ဆီး၊ ကျောက်ကပ် ရောဂါဝေဒနာရှင်တွေအနေနဲ့ 4R Consultancy ကုမ္ပဏီမှာ ကျန်းမာရေးနဲ့ပက်သက်တဲ့အချက်လက်တွေကိုသွားရောက်ဆွေးနွေးနိုင်ပြီး၊ ကုသဖို့လိုအပ်ပါက ချိတ်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။Sri Ramakrishna ဆေးရုံဟာအိန္ဒိယနိုင်ငံရဲ့ ကုတင်(၇၅၀)ဆံ့ဆေးရုံဖြစ်ပြီး နှလုံးနှင့် ဆီးချိုနဲ့ ကျောက်ကပ်ရောဂါ နဲု့အခြားရောဂါများ ကိုလည်းအဓိကကုသပေးနေဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News