အရေပြားမှိုရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး စနစ်တကျကုသဖို့လိုတယ်လို့ဇူလိုင်လ (၁၅)ရက်က UMFCCI မှာပြုလုပ်ခဲ့တဲ့ မိုးရာသီနှင့် မှိုရောဂါ ကျန်းမာရေးဟောပြောပွဲက သိရပါတယ်။  အရေပြားမှိုရောဂါဟာ အရေပြားအပေါ်ယံလွှာမှာ ရှင်သန်ပေါက်ဖွားတဲ့ မှိုအမျိုးအစားကြောင့် ဖြစ်ပွားတယ်လို့သိရပြီး ဒီရောဂါက  ဦးခေါင်းမှ ခြေဖျား အထိ အရေပြားအပေါ်ယံလွှာတွေမှာ ဖြစ်ပွားကာ လူအချင်းချင်း ဒါမှမဟုတ် အိမ်မွေးတိရိစ္ဆာန် တွေကတဆင့် ကူးစက်နိုင်တယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။  ဦးခေါင်းမှာ ဖြစ်တက်တဲ့ ဒက်၊ ပါးစပ်မှာဖြစ်တက်တဲ့ မှက်ခရု၊ လက်ခြေတွေမှာဖြစ်တတ်တဲ့ လက်သည်း၊ ခြေသည်းပိုး၊ သဲဝဲ စား၊ ရေဝဲစား တာတွေဟာလည်း အရေပြားမှိုရောဂါတွေ ဖြစ်တယ်လို့ သိရပါတယ်။

အရေပြား မှိုရောဂါက အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး အခုအခါမှာ ကျန်းမာရေးကြောင့်အိပ်ရာထဲလဲနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့  လူငယ်တွေမှာလည်းအဖြစ်များလာတယ်လို့သိရပါတယ်။ နီးစပ်ရာ ဆေးတွေအသုးံပြုပြီး နည်းစနစ်တကျ မကုသခဲ့တာကြောင့် အရေပြားယားယံမှုမကြာခဏဖြစ်ပေါ်လာပြီး မပျောက်ကင်းနိုင်ဘူးလို့ ဟောပြောပွဲလာရောက်နားထောင်သူက တစ်ဦးက ပြောပါတယ်။  အရေပြားယားယံနေတဲ့ နေရာကို နီးစပ်ရာဆေးတွေနဲ့ လိမ်းလိုက်လို့ ခဏတာအယားသက်သာသွားတဲ့အခါ ဆေးဆက်မလိမ်းကြတော့ပဲ နေကြတာကြောင့် မှိုရောဂါက ပြန်လည်ဖြစ်ပွားလာတာဖြစ်ပွားလာပြီး နောက်ပိုင်းမှာ အရေပြားရောဂါအကြီးတွေဖြစ်ပွား လာနိုင်တယ်လို့ သိရပါတယ်။

အရေပြား စိုစွတ်မှုများတာတွေ ချွေးထွက်များတာတွေက အရေပြားမှိုရောဂါဖြစ်ပွားနိုင်ပြီး  အဝတ်အစား အကပ်၊ အကျပ်များ ဝတ်ခြင်းက ရောဂါဖြစ်ပွားဖို့ အားပေးတဲ့ အပြုအမူတွေလို့ ဆိုပါတယ်။ ဒါအပြင် မှိုရောဂါဟာ ချွေးအထွက်များတဲ့ ပေါင်ကြား ချိုင်းကြား တင်ပါး စတဲ့နေရာတွေမှာ ဖြစ်ပွားတတ်ပြီး နီးစပ်ရာဆေးတွေနဲ့ စနစ်တကျကုသမှု မရှိပါက အရေပြားအကြောပြတ်တာ၊ အသားယားယံလာတာတွေဖြစ်ပြီး ပိုမိုဆိုးရွားလာတဲ့ေ ရာဂါမျိုးဖြစ်ပွားတတ်တယ်လို့သိရပါတယ်။

မှိုရောဂါဖြစ်ပွားတဲ့အခါ သက်ဆိုင်ရာဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားတဲ့ဆေးကိုနေ့စဉ်မပြတ်(၁)လ လောက်လိမ်းပေးနိုင်ရင် လုံးဝအရှင်းပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်တယ်လို့သိရပါတယ်။   လေ၀င်လေထွက်ကောင်းမွန်တဲ့ ချည်သားအ၀တ်အထည်တွေဝတ်တာတွေ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုတစိုက်တာတွေက အရေပြားမှိုရောဂါကိုကာကွယ်နိုင်တယ်လို့သိရပါတယ်။ အရေပြားမှို ရောဂါဟာ အသက်အန္တရာယ်ကို တော်ရုံမထိခိုက်နိုင်ပေမယ့်  မကုသဘဲထားပါက အနာဖြစ်ကာ အခြား ရောဂါပိုးများ ဝင်လာနိုင်ပြီး အသက်အန္တရာယ်ဖြစ် နိုင်တယ်လို့ သိရပါတယ်။

 

 

Related News