ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ကမ္ဘောဇအုပ်စု၊ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း နဲ့ Smile Asia တို့ပူးပေါင်းပြီး လာမယ့်သြဂုတ်လ (၂၃)ရက် မှ(၃၁)ရက်ထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်တွေကို အခမဲ့ခွဲစိတ်ကုသပေးသွားမှာဖြစ်ပါတယ်။ လာမယ့် သြဂုတ်လ(၂၃)ရက် ကနေ (၃၁)ရက်ထိ မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိတဲ့ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်တွေကို ရန်ကုန်ဆေးရုံကြီး မျက်နှာနဲ့မေးရိုးဌာနမှာ အခမဲ့ခွဲစိတ်ကုသပေးသွား မှာဖြစ်ပါတယ်။

ခွဲစိတ်မှုတွေကို အသက်(၆)လကစတင်ပြုလုပ်ပေးမှာဖြစ်ပြီး လူဦးရေအကန့်အသတ်နဲ့ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ နယ်ဘက်ဒေသတွေမှ ကုသမှုလာရောက်ခံယူမဲ့ ဝေဒနာရှင်တွေအတွက် ကမ္ဘောဇအုပ်စု နဲ့ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းတို့က လမ်းခရီးအသွားအပြန်စရိတ်၊တည်းခိုစရာနေရာတွေနဲ့ အစားအသောက်တွေကို တာဝန်ယူကူညီပေးသွားမှာဖြစ်တယ်လို့ ကမ္ဘောဇအုပ်စုရဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုပဲ ပြောပါတယ်။ (ရန်ကုန်ပြည်သူ့ဆေးရုံးကြီး အပြင်ကဒ်များသာပြရန်)ဒီလိုအခမဲ့ခွဲစိတ်ကုသပေးတဲ့ အစီအစဉ်ကို ကမ္ဘောဇအုပ်စု နဲ့ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းတို့က ၂၀၁၆ ခုနှစ်ထဲက စတင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲနှစ်တွေမှာတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တိုမှာရှိတဲ့ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ဝေဒနာရှင်(၃၆၂)ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ကမ္ဘောဇအုပ်စု၊ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း နဲ့ Smile Asia တို့ကပူးပေါင်းပြီး ပြုလုပ်သွားမယ့်အစီအစဉ်ကို စိတ်ပါဝင်စားသူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉-၄၂၇၅၆၂၀၀၃ နဲ့ ၀၉-၄၂၇၅၆၂၀၀၄ ကိုဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်တယ်လို့သိရပါတယ်။

 

 

Related News