ကြက်ခြေနီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေအားထားရပြီး အများက စံနမှုနာယူရတဲ့ ကြက်ခြေနီတွေဖြစ်အောင် ကြိုးစားကြဖို့ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ဇူလိုင်လ၂၅ရက်ကပြုလုပ်တဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ အကြိမ်(၈၀)မြောက် ဗဟိုကောင်စီအစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြော ကြားခဲ့တာပါ။ ကြက်ခြေနီအသင်းကို ဆင်းရဲဒုက္ခခံစားရသူတွေကို ကူညီစောင့်ရှောက်မှုတွေပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လူအသက်ပေါင်းများစွာကို ကူညီကယ်ဆယ်ပေးခဲ့တဲ့ သက်သေတွေလဲရှိတယ်လို့ဆိုပါ တယ်။

လက်ရှိအချိန်မှာလည်း ရေကြီးရေလျှံမှုဖြစ်ပွားတဲ့ဒေသတွေမှာ   ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ မိုးထဲလေထဲ ကူညီဆောင်ရွက်ပေးနေတာ တွေကို တွေ့မြင်နေရပြီး ရှေ့ဆက်ပြီး ပြည်သူတွေအားထားရတဲ့ကြက်ခြေနီအသင်းဖြစ်လာအောင် ကြိုးစားကြဖို့ကိုလည်း  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကပြောကြား ခဲ့တာပါ။ အခုအစည်းအဝေးမှာ ပြီးခဲ့တဲ့(၇၉)ကြိမ်မြောက် ဗဟိုကောင်စီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်တွေအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို တင်ပြတာတွေ၊ ဘဏ္ဍာရေး အစီရင်ခံ စာတင်သွင်းတာတွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ ဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေ အပါအ၀င် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ လှုပ်ရှားမှုတွေအကြောင်းတင်ပြတာတွေ လုပ်ဆောင်သွားးမယ်လို့ သိရပါတယ်။

အခုကျင်းပတဲ့ မြန်မာနိုင်ငံကြက်ခြေနေအသင်း အကြိမ်(၈၀)မြောက် ဗဟိုကောင်စီအစည်းအဝေးကို နေပြည်တော် မြန်မာနိုင်ငံကြက်ခြေနီမှာအသင်း(ရုးံချုပ်) မှာ (၂) ရက် ကြာကျင်းပမှာ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံကြက်ခြေနီအသင်းမှာ တစ်နိုင်ငံလုံးအနေနဲ့ တိုင်းအဆင့်ရုံးခွဲ(၁၇)ခုရှိကာ မြို့နယ်ပေါင်း၃၃၀မှာလဲရုံးခွဲတွေဖွင့်လှစ်ထားပြီး  ကြက်ခြေနီတပ်ဖွဲ့ဝင်ပေါင်း (၄၇၇၀၀)ကျော်ရှိတယ်လို့ သိရပါတယ်။

 

 

Related News